အ​မေရိကန်မှ နာမည်​ကျော် ​သေမင်း​စံအိမ်ကြီး​အား​ ​ရောင်း​ချမည်

alt

အ​မေရိကန်ရှိ နာမည်​ကျော် ​သေမင်း​စံအိမ်ကြီး​ကို ​ရောင်း​ချ​တော့​မည်ဖြစ်သည်။ ​မေရီလန်း​ရှိ အိမ်ကြီး​ကို ​ဒေါ်လာ ၅၁၅၀၀၀ ​ဈေး​ခေါ်ထား​သည်။

ယင်း​အိမ်ကြီး​သည် လူသတ်မှု သုံး​ခုဖြစ်ထား​သဖြင့်​ ​နေအိမ်​ရောင်း​ဝယ်​ရေး​ ဝန်​ဆောင်မှု ​အေဂျင်စီအဖို့​ အကြပ်အတည်း​ ကြုံရမည့်​ ကိစ္စမျိုး​ဖြစ်သည်။ ဥပ​ဒေအရ ​အေး​ဂျင့်​များ​သည် ထိုအိမ်တွင် ဖြစ်ခဲ့​သည့်​ ရာဇဝတ်မှုများ​အ​ကြောင်း​ ​ပြောမပြဘဲ ​နေပိုင်ခွင့်​ရှိသည်။ သို့​သော်လည်း​ ဘရိုင်ယန်ဘတ် ​နောက်ဆုံး​ပိုင်ဆိုင်ခဲ့​သော အိပ်ခန်း​ ၃ ခန်း​နှင့်​ ဥယျာဉ်ကြီး​တစ်ခုတို့​ ပါဝင်​သော် အိမ်ကြီး​အ​ကြောင်း​မှာ လူတိုင်း​လိုလို သိနှင့်​ပြီး​ဖြစ်သည်။ ဘရိုင်ယန်သည် ပြီး​ခဲ့​သည့်​ ဧပြီလက ဆယ်​ကျော်သက်တစ်ဦး​ ပစ်သတ်မှု​ကြောင့်​ ​သေဆုံး​ခဲ့​သည်။

၂၀၀၃ ခုနှစ်က ၎င်းထိုအိမ်ကြီး​ကို ဝယ်ယူစဉ်ကလည်း​ အိမ်ပိုင်ရှင်ဖြစ်သူ အမျိုး​သား​နှင့်​ ၉ နှစ်အရွယ် သမီး​လေး​တို့​မှာ ရက်ရက်စက်စက် အသတ်ခံရ​ကြောင်း​ သိရှိခဲ့​ရသည်။

ထို့​ကြောင့်​ အိမ်ကြီး​ကို ပိုင်ဆိုင်သူတိုင်း​ အ​သေဆိုး​ဖြင့်​ ​သေရသည်ဟု သတင်း​ထွက်ခဲ့​သလို ​သေမင်း​စံအိမ်ကြီး​ဟုပါ နာမည်​ကျော်လာခဲ့​သည်။ ယခုအချိန်ထိ အိမ်ကြီး​အတွက် တစ်စုံတစ်ဦး​ကမှ ကမ်း​လှမ်း​မှု မရှိ​သေး​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here