Facebook အသုံး​ပြုသူ အ​ရေအတွက် ၂၀၁၂ တွင် သန်း​ ၁၀၀၀ ​ကျော်သွား​ဖွယ်ရှိ

alt

၂၀၁၂ ခုနှစ်တွင် Facebook အသုံး​ပြုသူ သန်း​ ၁၀၀၀ ပမာဏကို ​ကျော်လွန်သွား​ဖွယ် ရှိ​နေ​ကြောင်း​ ​လေ့​လာသူများ​က ​ပြောကြား​ခဲ့​သည်။

လက်ရှိတွင် ကမ္ဘာ​ကျော် Social Networking ဝန်​ဆောင်မှု ဝက်ဆိုက်ကြီး​အား​ ​နေ့​စဉ်ပုံမှန် ဝင်​ရောက်အသုံး​ပြု​နေသူ အ​ရေအတွက်မှာ သန်း​ ရ၀၀ ဝန်း​ကျင်မျှ ရှိ​နေပြီဖြစ်သည်။ ​မေလ တစ်လထဲတွင်ပင် ​တောင်အ​မေရိက နိုင်ငံတစ်ခုဖြစ်​သော ဘရာဇီး​မှ သုံး​စွဲသူဦး​ရေ ၁.၉ သန်း​ တိုး​လာရာ ၎င်းနိုင်ငံသည် Facebookပရိသတ် တိုး​ပွား​မှု အမြန်ဆုံး​နိုင်ငံ ဖြစ်လာသည်။ ပြီး​ခဲ့​သည့်​နှစ် ဇူလိုင်လက Facebookသည် ၎င်းတို့​၏ ပုံမှန်ပရိသတ် အ​ရေအတွက် သန်း​ ၅၀၀ ပြည့်​မြောက်​ကြောင်း​ ​ကြေညာနိုင်ခဲ့​သည်။

Facebook တည်​ထောင်သူ မတ်ဇူကာဘက်က Facebook၏ ပရိသတ် အ​ရေအတွက် သန်း​ ၁၀၀၀ ရှိလာမည်ဟု မထင်​ကြောင်း​ ဝန်ခံခဲ့​ဖူး​သည်။ မိမိတို့​ ​မျှော်လင့်​သည်ထက် များ​စွာ ​အောင်မြင်​သော အ​နေအထား​ကို ပိုင်ဆိုင်​နေ​ကြောင်း​ ဇူကာဘက်ကဆိုသည်။

သို့​သော် သက်တမ်း​ ၁၀ နှစ်ပင် မပြည့်​သေး​သည့်​ ဝက်ဆိုက်၏ ပရိသတ် တိုး​နှုန်း​မှာ မှန်မှန်ကြီး​ မြင့်​တက်လာ​နေပြီး​ ၃ လအတွင်း​ သန်း​ ၈၀ ​ကျော် များ​ပြား​လာခဲ့​သည်။ အ​မေရိကန် ပြည်​ထောင်စုသည် ကမ္ဘာ​ပေါ်တွင် Facebook ပရိသတ် အများ​ဆုံး​နိုင်ငံအဖြစ် ရပ်တည်​နေပြီး​ သုံး​စွဲသူ ၁၄၉ သန်း​ကျော် ရှိ​နေသည်။ ကယ်လီဖိုး​နီး​ယား​ ပြည်နယ်တစ်ခုထဲမှပင် Facebookပုံမှန်သုံး​စွဲသူ ၁၉ သန်း​မျှ ရှိ​နေ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here