ဌာနမှူး​မိန့်​ခွန်း​ ရှည်လျား​လွန်း​သဖြင့်​ တရုတ်​ကျောင်း​သား​ ဆန်း​ဆန်း​ပြား​ပြား​ ဆန္ဒပြ

alt

တရုတ်နိုင်ငံမှ ဗရုတ်ကျ​သော ​ကျောင်း​သား​တစ်ဦး​သည် ဌာနမှူး​၏ မိန့်​ခွန်း​က ကြာရှည်​နေခြင်း​ကို ဆန်း​ဆန်း​ပြား​ပြား​ ဆန့်​ကျင်ခဲ့​ကြောင်း​ သိရသည်။

ဂွမ်ဇူး​အကယ်ဒမီ​ ကျောင်း​တွင် ပြပွဲတစ်ခု ဖွင့်​လှစ်ရာ Fine Artsဌာန အကြီး​အကဲ လီမင်း​မှာ မိန့်​ခွန်း​ပြောရန် ဖိတ်ကြား​ခံရသည်။ လီသည် မိန့်​ခွန်း​ကို မပြီး​နိုင် မစီး​နိုင် ​ပြော​နေရာ သည်း​ မခံနိုင်​သော ​ကျောင်း​သား​ ၁၁ ဦး​က ၎င်းမိန့်​ခွန်း​ပြော​နေ​သော စင်မြင့်​အနီး​ ချဉ်း​ကပ်လာကာ ဆန္ဒပြခဲ့​ကြသည်။ ၎င်းတို့​ ဆန္ဒပြပုံမှာ ရှပ်အင်္ကျီများ​ကို လှန်တင်ပြီး​ စင်​ ရှေ့​တွင် ပက်လက်လှဲကာ တန်း​စီအိပ်ကြခြင်း​ဖြစ်သည်။

လီသည် အ​တော်​လေး​ အူ​ကြောင်​ကြောင် ဖြစ်သွား​သော်လည်း​ အ​ခြေအ​နေကို ထိန်း​သိမ်း​ကာ ဆန္ဒပြ​နေ​သော ​ ကျောင်း​သား​များ​ကို ထိုသို့​မလုပ်ရန် ခပ်တည်တည် ​ပြောကြား​ခဲ့​သည်။ ယင်း​တို့​၏ ဆန္ဒပြမှု အကျိုး​မထူး​ဘဲ လီက မိန့်​ခွန်း​ဆက်​ပြော​နေသဖြင့်​ ​ကျောင်း​သား​များ​လည်း​ စိတ်ပျက်ကာ ပြန်သွား​ကြသည်။

ဂွမ်ဇူး​အကယ်ဒမီ​ကျောင်း​က ထိုကိစ္စအတွက် ​ကျောင်း​သား​များ​ကို အ​ရေး​ယူမည်မဟုတ်ဟုဆိုသည်။ ​ကျောင်း​သား​များ​သည် မည်သူ့​ကိုမျှ ထိခိုက်မှု မရှိလျင် မိမိတို့​၏ စိတ်အတွင်း​ ခံစား​ရသည်ကို ​ဖော်ထုတ်ခွင့်​ရှိ​ကြောင်း​ ​ကျောင်း​အုပ်ချုပ်​ရေး​ အဖွဲ့​က ​ပြောကြား​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here