မိုက်ကယ်ဂျက်ဆင်၏ Thriller သီချင်း​မှ ဂျာကင်အင်္ကျီအား​ ​လေလံတင်မည်

alt

နာမည်​ကျော် Thrillerသီချင်း​အတွက် ရိုက်ကူး​သော ဗီဒီယိုတွင် မိုက်ကယ်ဂျက်ဆင် ဝတ်ဆင်ခဲ့​သော ဂျာကင်အင်္ကျီကို ​လေလံတင် ​ရောင်း​ချသွား​မည်ဖြစ်သည်။

ဒါရန်ဂျူလီယန်က ဂျက်ဆင်​သေဆုံး​သည့်​ ၂ နှစ်ပြည့်​နှင့်​ တိုက်ဆိုင်​နေ​သော ဇွန်လ ၂၅ ၊​ ၂၆ ရက်​နေ့​တွင် ပြုလုပ်မည့်​ ဂီတအမှတ်တရ ​လေလံပွဲတွင် အဆိုပါ ဂျာကင်ကို ​ ရောင်း​ချသွား​မည်ဖြစ်သည်။ ​လေလံဌာနက အနီ​ရောင်တွင် အနက်ကွပ်ထား​သော ဂျာကင်သည် ဂျက်ဆင်၏ အမှတ်ရစရာ အ​ကောင်း​ဆုံး​ ပစ္စည်း​တစ်ခုဟု ညွှန်း​ဆိုထား​ပြီး​ ​ဒေါ်လာ ၂၀၀၀၀၀ မျှထိ ရရှိမည်ဟု ​မျှော်လင့်​နေသည်။

ဂျက်ဆင်သည် ၂၀၀၉ ခုနှစ်က အသက် ၅၀ အရွယ်တွင် ရုတ်တရက် နှလုံး​ဖောက်ပြန်မှုဖြင့်​ ​သေဆုံး​ခဲ့​သူဖြစ်သည်။ ၎င်းသည် သမိုင်း​တ​လျှောက် အ​အောင်မြင်ဆုံး​ Popဂီတ အဆို​တော်အဖြစ် အသိအမှတ်ပြု ခံထား​ရသည်။ ယခု​လေလံပွဲတွင် ဂျက်ဆင်၏ အခြား​သော ပစ္စည်း​အချို့​ ကိုလည်း​ ​ရောင်း​ချသွား​မည်ဖြစ်သည်။

ထို့​အပြင် မက်​ဒေါနား​၊​ ဘရုစပရင်း​စတင်း​၊​ ဖရန့်​ဆီနာထရာ၊​ ဂမန်နီကက်ရှ်နှင့်​ အဲဗစ်ပရက်စ​လေတို့​၏ အသုံး​အ​ဆောင်နှင့်​ ပိုင်ဆိုင်မှုများ​ကိုပါ ​ရောင်း​ချ​ပေး​သွား​မည်ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here