TV ရီမုအတွက် ကွာရှင်း​ကြသည့်​ တရုတ်လင်မယား​

alt

တရုတ်နိုင်ငံ၊​ ​ဘေဂျင်း​မှ လင်မယား​နှစ်ဦး​သည် TVရီမုတစ်ခုအတွက် ကွာရှင်း​ခဲ့​ကြောင်း​ သိရသည်။

ဝမ်ဟုသာ အမည်​ဖော်ပြသည့်​ PhDဘွဲ့​ရ အမျိုး​သား​က ဇနီး​ဖြစ်သူသည် ပြီး​ခဲ့​သည့်​နှစ်က TVရီမု အပြိုင်လုရင်း​ မိမိအား​ ဒဏ်ရာရ​စေခဲ့​ကြောင်း​ စွပ်စွဲခဲ့​သည်။ အလုပ်မှ ပြန်လာပြီး​နောက် TVကို ကြည့်​ရှု​နေ​ကြောင်း​၊​ မိနစ်အနည်း​ငယ် အကြာတွင် ဇနီး​ဖြစ်သူက ရီမုကို ဆွဲယူကာ Channelတစ်ခု ​ပြောင်း​လိုက်ပြီး​နောက် အပြန်အလှန် အငြင်း​ပွား​ရာမှ ရန်ပွဲစတင်ခဲ့​ကြောင်း​ ဝမ်ကဆိုသည်။

အသက် ၃၂ နှစ်စီ ရှိပြီဖြစ်​သော လင်မယား​သည် ၂၀၀၆ ခုနှစ်တွင် အင်တာနက်မှတဆင့်​ သိကျွမ်း​ခဲ့​ပြီး​နောက် ၂၀၀၉ ခုနှစ်တွင် လက်ထပ်ခဲ့​ကြသည်။ ဆူဟုသာ အမည်​ဖော်ပြ​သော မာစတာဘွဲ့​ရ တစ်ဦး​ဖြစ်​သော ဇနီး​သည်က မိမိအား​ ဆံညှပ်တစ်ခုဖြင့်​ တိုက်ခိုက်ရာ ညာလက်တွင် ပြင်း​ပြင်း​ထန်ထန် ဒဏ်ရာရခဲ့​ကြောင်း​ ဝမ်က စွပ်စွဲသွား​သည်။

ထို့​အတွက် ဒဏ်ရာကို ပြန်ချုပ်ခဲ့​ရ​ကြောင်း​ ဝမ်ကဆိုသည်။ ​နောက်ပိုင်း​တွင် ဆူနှင့်​ ဝမ်တို့​သည် တရား​ရုံး​တွင် ကွာရှင်း​ပြတ်စဲရန် ​လျှောက်ထား​ခဲ့​ကြသည်။ ​မေလ ၂၈ ရက်​နေ့​တွင်မူ ဖန်ရှန်း​ပြည်သူ့​ တရား​ရုံး​က ယင်း​ကွာရှင်း​ရန် ​လျှောက်ထား​မှုကို အတည်ပြု​ပေး​လိုက်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here