Gmail စနစ်ကို Hack လုပ်ခဲ့​သည်ဆိုသည့်​ Google စွပ်စွဲမှုအား​ တရုတ်တုန့်​ပြန်

alt

Google၏ Mailစနစ်များ​ကို Hackလုပ်ထိုး​ဖောက်ခဲ့​မှုသည် တရုတ်နိုင်ငံတွင် အ​ခြေတည်ခဲ့​သည်ဟု Googleက စွပ်စွဲခဲ့​ခြင်း​ကို တရုတ်က တုန့်​ပြန်ခြိမ်း​ခြောက်လိုက်သည်။

ရှန်​ဒေါင်း​ရှိ ဂျီနန်မှတဆင့်​ အ​မေရိကန်မှ နာမည်​ကျော် ပုဂ္ဂိုလ်များ​၏ Gmailများ​ကို ထိုး​ဖောက်မှုများ​ ရှိခဲ့​ကြောင်း​ Googleက ပြီး​ခဲ့​သည့်​ သီတင်း​ပတ်အတွင်း​ ​ဖော်ပြခဲ့​ သည်။ ထိုကိစ္စအတွက် တရုတ်နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက Googleကို ပြင်း​ပြင်း​ထန်ထန် တုန့်​ပြန်ခဲ့​သည်။

Googleအ​နေနှင့်​ နိုင်ငံတကာ​ရေး​ရာ စံနှုန်း​များ​အတိုင်း​ စနစ်တကျ ​ဆောင်ရွက်သင့်​ကြောင်း​၊​ တရုတ်နိုင်ငံအား​ အ​ခြေအမြစ် မခိုင်မာဘဲ စွပ်စွဲ​နေမှုများ​ကြောင့်​ Google၏ ရပ်တည်မှု ထိခိုက်သွား​နိုင်​ကြောင်း​ ဝန်ကြီး​ဌာန၏ ​ ကြေညာချက်ကို ကိုး​ကား​ပြီး​ တရုတ် People’s Daily သတင်း​စာက ​ဖော်ပြခဲ့​သည်။

ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကလည်း​ ဝန်ကြီး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ဟွန်လီက တရုတ်နိုင်ငံအ​နေနှင့်​ အင်တာနက်ဆိုင်ရာ စည်း​မျဉ်း​ဥပ​ဒေများ​ကို ​ဖောက်ဖျက်ကာ အချက်အလက် ခိုး​ယူမှုများ​အတွက် တာဝန်ရှိ​ကြောင်း​ စွပ်စွဲမှုများ​ကို ငြင်း​ ဆန်ပယ်ချခဲ့​သည်။ Googleကမူ မိမိတို့​သည် ယခုတိုက်ခိုက်မှုမှာ ဂျီနန်မှ ပြုလုပ်သည်ဟုသာ ​ပြောဆိုထား​ပြီး​ တရုတ်အစိုး​ရနှင့်​ တိုက်ရိုက်ပတ်သက်သည်ဟု မစွပ်စွဲခဲ့​ ကြောင်း​ တုန့်​ပြန်ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here