ကုလသမဂ္ဂ အ​ထွေ​ထွေ​အတွင်း​ရေး​မှူး​​ရာထူး​ ဒုတိယသက်တမ်း​ ဆက်လက်​ရယူရန် ဘန်ကီမွန်း​​ကြိုး​ပမ်း​မည်

alt

ကုလသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ တာဝန်ကို ဒုတိယ ငါး​နှစ်သက်တမ်း​ ဆက်ယူရန် ဘန်ကီမွန်း​တစ်​ယောက် စီစဉ်​နေ​ကြောင်း​ သိရသည်။

အသက် ၆၆ နှစ်ရှိ ​တောင်ကိုရီး​ယား​ နိုင်ငံသား​က ဇွန်လ ၆ ရက်​နေ့​တွင် ဒုတိယသက်တမ်း​အတွက် ရည်ရွယ်ကြိုး​ပမ်း​မည်ဟု အတည်ပြု ​ပြောကြား​လိုက်သည်။ ကုလသမဂ္ဂ လုံခြံု​ရေး​ကောင်စီ အမြဲတမ်း​ အဖွဲ့​ဝင် ၅ နိုင်ငံအနက် အ​မေရိကန်၊​ တရုတ်နှင့်​ ပြင်သစ်တို့​က ဘန်အား​ ​ထောက်ခံမည်ဟု ကတိပြုထား​သည်။ အခြား​သော ၂ နိုင်ငံဖြစ်သည့်​ ရုရှား​နှင့်​ ဗြိတိန်တို့​ကလည်း​ သ​ဘောတူဖွယ် ရှိ​နေရာ ဒီဇင်ဘာ ၃၁ ရက်​နေ့​တွင် ရာထူး​သက်တမ်း​ ကုန်ဆုံး​မည့်​ ဘန်အ​နေနှင့်​ ​နောက်ထပ် ၅ နှစ်သက်တမ်း​ ရာထူး​တာဝန်ကို ထမ်း​ဆောင်ခွင့်​ရဖွယ် ရှိ​နေသည်။

ဘန်က ကုလသမဂ္ဂ အဖွဲ့​ဝင် နိုင်ငံများ​၏ ​ထောက်ခံမှုဖြင့်​ ​နောက်ထပ် ရာထူး​သက်တမ်း​ တိုး​မြှင့်​နိုင်မည်ဆိုလျင် ၎င်းအတွက် အလွန်​ကျေနပ်ဖွယ် ဂုဏ်ယူစရာ ဖြစ်လာမည်ဟုဆိုသည်။ ဘန်သည် ၂၀၀၇ ခုနှစ် အ​စောပိုင်း​က ကိုဖီအာနန်၏ ရာထူး​နေရာကို ဆက်ခံခဲ့​သူဖြစ်သည်။

၎င်းသည် ကမ္ဘာ့​အင်အား​ကြီး​ နိုင်ငံများ​၏ လွှမ်း​မိုး​မှုကို ခံရ​ကြောင်း​ ​ဝေဖန်ခံရမှုများ​လည်း​ ရှိခဲ့​သည့်​တိုင် အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ တာဝန်ကို အ​ကောင်း​ဆုံး​ ထမ်း​ဆောင်ပြခဲ့​သည်။ ဘန်က သတင်း​ထောက်များ​နှင့်​ ​တွေ့​ဆုံစဉ် ကမ္ဘာ့​နိုင်ငံအသီး​သီး​ရှိ လူ့​အခွင့်​အ​ရေး​ဆိုင်ရာ အား​နည်း​ဖောက်ဖျက်မှုများ​ကို အား​ကောင်း​ကောင်း​ဖြင့်​ ကိုင်တွယ်​ဖြေရှင်း​နိုင်​ရေး​ လုပ်​ဆောင်ရန် လိုအပ်ဆဲဖြစ်​ကြောင်း​လည်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here