လုပ်ခ​ငွေ ရှင်း​မ​ပေး​သဖြင့်​ အလုပ်သမား​အမျိုး​သမီး​ အလုပ်ရှင်အိမ်​ပေါ်မှ မဆင်း​ဘဲ​နေ

alt

တရုတ်နိုင်ငံမှ အမျိုး​သမီး​ တစ်ဦး​သည် သူမ၏ လုပ်ခ​ငွေကို မရှင်း​ပေး​သည့်​အတွက် အလုပ်ရှင်​ဟောင်း​၏ အိပ်ရာ​ပေါ်မှ မဆင်း​ဘဲ ​နေခဲ့​ကြောင်း​ သိရသည်။

ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က နန်ဂျင်း​ရှိ ဇူကွင်း​၏ ​နေအိမ်အိပ်ခန်း​တွင် အဆိုပါ အမျိုး​သမီး​က အတင်း​ဝင်​နေခဲ့​ခြင်း​ဖြစ်သည်။ အသက် ၃၀ ​ကျော် အရွယ်ရှိ​သော ဇန်ဝမ်ကွင်း​သည် ဇူ၏ စား​သောက်ဆိုင်တွင် ပြီး​ခဲ့​သည့်​ နှစ်အတွင်း​က လ​ပေါင်း​အတန်ကြာ အလုပ်လုပ်ခဲ့​သူဖြစ်သည်။ ​နောက်ပိုင်း​တွင် ဇူနှင့်​ ဇန်တို့​ကြား​ ဆက်ဆံ​ရေး​မှာ မရိုး​သား​ကြောင်း​ သတင်း​များ​ ထွက်လာပြီး​နောက် ဇူ၏ ဇနီး​ဖြစ်သူသည် ​မွေး​ရပ်​မြေမှ နန်ဂျင်း​သို့​ လိုက်လာခဲ့​သည်။ ​

နောက်ပိုင်း​တွင် ဇန်မှာ အလုပ်မှ ထွက်ခဲ့​ရ​ကြောင်း​ ဇူ၏ အိမ်နီး​ချင်း​ တစ်ဦး​ကဆိုသည်။ ဇန်သည် သူမ အလုပ်မှ ထွက်ချိန်တွင် ဇူက ယွမ်​ငွေ ၄၂၀၀ ​ပေး​ချေရန် ကျန်​နေ​သေး​ကြောင်း​ ​ပြောဆိုကာ ယခုလို ဆန္ဒပြခဲ့​ခြင်း​ဖြစ်သည်။ ထို့​အပြင် မတရား​ စွပ်စွဲသည်ဟုဆိုကာ ဇူ၏ ဇနီး​သည်ကို ပြန်လည်​တောင်း​ပန်ရန် ​တောင်း​ဆိုခဲ့​ကြောင်း​လည်း​ သိရသည်။ သို့​သော် ဇူ၏ ဇနီး​က ရဲများ​ကိ ဖုန်း​ဆက်ပြီး​နောက် သူမသည် အိမ်အတွင်း​မှ အတင်း​ဆွဲထုတ် ခံခဲ့​ရသည်။

ဇန်က ဇူ၏ ဇနီး​သည် သူမအား​ ဆူပူခြိမ်း​ခြောက်ကာ အလုပ်မှထွက်​အောင် ဖိအား​ပေး​ခဲ့​ပြီး​ ဇူကလည်း​ လုပ်ခအပြည့်​ မရှင်း​လင်း​ပေး​ခဲ့​ဟု ​ပြောဆိုသွား​သည်။ ထိုကိစ္စနှင့်​ ပတ်သက်ပြီး​ ဇူတို့​လင်မယား​က ငြင်း​ဆိုထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here