ယီမင်သမ္မတ အလီအက်ဘဒူလာ ဆလား​ တိုင်း​ပြည်မှထွက်​ပြေး​

alt

ယီမင်သမ္မတ အလီအက်ဘဒူလာ ဆာလား​သည် အုံကြွလာသည့်​ ဆန္ဒပြ ဆန့်​ကျင်မှုများ​ကြောင့်​ တိုင်း​ပြည်မှ ထွက်​ပြေး​သွား​ပြီဖြစ်သည်။ ​

မေလ ၃ ရက်​နေ့​က အစိုး​ရ အိမ်​တော်သို့​ ဒုံး​ကျည်တစ်လုံး​ တိုက်ရိုက်ထိမှန်ခဲ့​ပြီး​နောက် ဆာလား​သည် ၎င်း၏ အုပ်ချုပ်မှုကို အပြင်း​အထန် တွန်း​လှန်မှုများ​ ဖြစ်​ပေါ်​နေသည့်​ နိုင်ငံအား​ စွန့်​ခွာကာ ​ဆော်ဒီအာ​ရေဗျသို့​ တိမ်း​ရှောင်ခဲ့​ရခြင်း​ဖြစ်သည်။

ဆာလား​သည် ​ဆော်ဒီတွင် ​ဆေး​ရုံတက်ပြီး​ ခွဲစိတ်ကုသမှု ခံယူ​နေရ​ကြောင်း​ ​ဆော်ဒီရုပ်မြင်သံကြား​ ဌာနတစ်ခုက ​ဖော်ပြခဲ့​သော်လည်း​ မည်သည့်​အ​ကြောင်း​ရင်း​ကြောင့်​ ဆိုသည်ကိုမူ ​ဖော်ပြမထား​ချေ။

ယီမင်တွင်မူ သမ္မတ ထွက်​ပြေး​သွား​ပြီး​နောက် အကြီး​အကျယ် ​ပျော်ရွှင်စွာ ​အောင်ပွဲဆင်​နေခဲ့​ကြသည်။ ယီမင်၏ ဒုတိယ အကြီး​ဆုံး​ဖြစ်​သော တီယက်မြို့​တွင် အစိုး​ရ အိမ်​တော်ကို ​သေနတ်သမား​များ​ကို ဦး​တည်တိုက်ခိုက်ခဲ့​ရာ အိမ်​တော်​စောင့်​စစ်သား​ ၄ ဦး​ ​သေဆုံး​သွား​ကြောင်း​လည်း​ သတင်း​များ​ကဆိုသည်။

လက်ရှိတွင် ယီမင်ဒုတိယ သမ္မတသည် ဆာလား​အစား​ ကြား​ဖြတ်အစိုး​ရ တာဝန်ကို ရယူထား​သည်။ ဒုတိယ သမ္မတ အဘက်ရက်ဘိုမန်ဆာဟာဒီသည် အ​မေရိကန် သံအမတ်ကြီး​ ဂါရယ်မိုက်ကယ် ဖီရက်စတိန်း​နှင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​မှုများ​လည်း​ ပြုလုပ်ခဲ့​သည်။ လက်ရှိအ​နေအထား​အရ ယီမင်တွင် ဆူပူအုံကြွမှုများ​ ဆက်လက်ဖြစ်​ပေါ်​နေဆဲဖြစ်ပြီး​ ယင်း​အ​ခြေအ​နေကို အပြည့်​အဝ မထိန်း​ချုပ်နိုင်​သေး​ပေ။

သတင်း​များ​၏ အဆိုအရ ဆာလား​သည် အိမ်​တော်ကို ဦး​တည်တိုက်ခိုက်မှုအတွင်း​ လည်ပင်း​တွင် ဒဏ်ရာအနည်း​ငယ် ရရှိခဲ့​သည်ဟု ယုံကြည်ရ​ကြောင်း​လည်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here