​မော်လတာတွင် အိမ်​မွေး​ခွေး​​တစ်​ကောင်အား​ ​သေနတ်ဖြင့်​​အချက်​ပေါင်း​များ​စွာ ပစ်သတ်ထား​ ​

alt

မော်လတာတွင် ​တွေ့​ရှိခဲ့​သည့်​ အိမ်​မွေး​ခွေး​ တစ်​ကောင်က နိုင်ငံ၏တိရစ္ဆာန်များ​ အခွင့်​အ​ရေး​နှင့်​ ပတ်သက်၍ ပိုမိုတင်း​ကြပ်​သော စံနှုန်း​များ​လိုအပ်​နေပြီဟု ညွှန်ပြ​နေခဲ့​သည်။

အဆိုပါ သနား​စရာ​ခွေး​သည် ​ခေါင်း​တွင် ​သေနတ်ဖြင့်​ အချက်၄၀ အပစ်ခံထား​ရပြီး​ အရှင်လတ်လတ် ​မြေမြှုပ်ခံရခြင်း​ဖြစ်သည်။ ကယ်တင်ခဲ့​သူများ​က Starဟု အမည်​ပေး​ထား​သည့်​ Crossbreed အမျိုး​အစား​ ခွေး​လေး​ကို ဘီဇက်ဘူဂါ မြို့​အနီး​တွင် တိရစ္ဆာန် ​စောင့်​ရှောက်​ရေး​အရာရှိများ​က ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။

ခွေး​၏ အသံသဲ့​သဲ့​ကို သစ်ငုတ်တစ်ခုအနီး​ သစ်သား​ဘုတ်ပြား​အောက်မှ ကြား​ရပြီး​ချိန်တွင် အမဖြစ်​သော ထို​ခွေး​လေး​ကို ရှာ​ဖွေနိုင်ခဲ့​ခြင်း​ဖြစ်သည်။ Starသည် တာကွာလီ ​ဆေး​ရုံတွင် ခွဲစိတ်ကုသခံကာ ကျည်ဖူး​ ၄၀ ကို ဖယ်ထုတ်ခဲ့​ရပြီး​နောက် အသက်ဆက်လက် ရှင်သန်နိုင်ခဲ့​သည်။ Starအ​ပေါ် ကျူး​လွန်ခဲ့​သော ပြစ်မှုသည် တိရစ္ဆာန်များ​အ​ပေါ် ရာဇဝတ်မှု ကျူး​လွန်ခဲ့​သော သမိုင်း​တွင် အကြီး​မား​ဆုံး​ တစ်ခုဖြစ်နိုင်​ကြောင်း​ ​လေ့​လာသူများ​ကဆိုသည်။

​မော်လတာတွင် တိရစ္ဆာန်တစ်​ကောင်အား​ ဆိုး​ရွား​ရက်စက်စွာ ပြုမူမှု တစ်ခုအတွက် အမြင့်​ဆုံး​ ပြစ်ဒဏ်သည် ​ထောင်ဒဏ် ၁ နှစ်၊​ သို့​မဟုတ် ဒဏ်​ငွေ ယူရို ၄၆၅၀၀ သာဖြစ်သည်။

Star၏ ဖြစ်ရပ် ​ပေါ်​ပေါက်ခဲ့​ပြီး​နောက် တိရစ္ဆာန် အခွင့်​အ​ရေး​ ​တောင်း​ဆိုသူများ​က ​မော်လတာ အစိုး​ရအား​ စည်း​မျဉ်း​များ​ ပိုမိုတင်း​ကြပ်​ပေး​ရန် Facebookမှ ဝိုင်း​ဝန်း​တောင်း​ဆိုကြရာ ​ထောက်ခံမှု အများ​ဆုံး​ Pageတွင် လူ ရ၀၀၀ ​ကျော် ရှိခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here