ဂျာမနီ၏ နျူဓာတ်အား​ပေး​စက်ရုံများ​ ပိတ်သိမ်း​မည်

alt

ဂျာမနီနိုင်ငံအ​နေနှင့်​ သန့်​စင်​သော စွမ်း​အင်အသုံး​ချမှုစနစ် သုံး​စွဲနိုင်​ရေး​ကို ဦး​ဆောင်သွား​မည်ဟု ​ကြေညာခဲ့​သည်။

နျူကလီး​ယား​ စွမ်း​အင်ကို ဂျာမနီအ​နေနှင့်​ အသုံး​ချမှုများ​ကို ဆယ်စုနှစ် တစ်ခု​ကျော်အတွင်း​ ရပ်ဆိုင်း​မည်ဟု ဂျာမနီ ဝန်ကြီး​ချုပ် အင်ဂျလာ မာကယ်ကဆိုသည်။ မာကယ်က နိုင်ငံအတွင်း​ နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖို အား​လုံး​ကို ၂၀၂၂ တွင် ရပ်ဆိုင်း​မည်ဟု အတည်ပြုခဲ့​သည်။

ဂျာမနီရှိ နျူကလီး​ယား​ ဓာတ်အား​ပေး​စက်ရုံ ၁၇ ခုတို့​က ​မေလ ၃၀ ရက်​နေ့​ တရား​ဝင် ​ကြေညာချက် မတိုင်မီ အဆိုပါ ကိစ္စကို နည်း​အမျိုး​မျိုး​ဖြင့်​ ဆန့်​ကျင်ခဲ့​ကြ​သေး​သည်။ ကမ္ဘာ​ပေါ်တွင် စက်မှုဖွံ့​ဖြိုး​မှု အကြီး​မား​ဆုံး​ နိုင်ငံတစ်ခုဖြစ်ပြီး​ ​ရေနံနှင့်​ သဘာဝဓာတ်​ငွေ့​ မထွက်​သော​ကြောင့်​ နျူကလီး​ယား​ စွမ်း​အင်ကို အဓိက တည်မှီ​နေရ​သော ဂျာမနီ၏ ဆုံး​ဖြတ်ချက်သည် အလွန်ရဲရင့်​သော လုပ်​ဆောင်ချက်တစ်ခု ဖြစ်လာသည်။

ဂျပန်ရှိ ဖူကူရှီး​မား​ နျူကလီး​ယား​ အရှုပ်အ​ထွေး​ကို သင်ခန်း​စာယူကာ ဂျာမနီ အစိုး​ရက ဓာတ်​ပေါင်း​ဖိုများ​ ပိတ်သိမ်း​ရန် ဆုံး​ဖြတ်ခဲ့​ခြင်း​ဖြစ်သည်။ ထိုအ​တောအတွင်း​ ပတ်ဝန်း​ကျင် ညစ်ညမ်း​မှု ​လျော့​နည်း​မည့်​ ​လောင်စာစွမ်း​အင် စနစ်သစ်များ​ကို ရှာ​ဖွေသွား​မည်ဟု မာကယ်ကဆိုသည်။ ဂျာမနီသည် လက်ရှိတွင် နိုင်ငံ၏ စွမ်း​အင်လိုအပ်ချက် ၂၂ ရာခိုင်နှုန်း​ကို နျူကလီး​ယား​ စွမ်း​အင်အ​ပေါ် မှီခို​နေရ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here