Facebook မှတဆင့်​ ​မွေး​နေ့​ဖိတ်ကြား​မှု Privacy Setting မှား​ယွင်း​​ပြုလုပ်မိသည့်​ ဂျာမီဆယ်​​ကျော်သက် အခက်ကြံု

alt

Facebookတွင် ပါတီပွဲတစ်ခု ကျင်း​ပပြုလုပ်ရန် ဖိတ်ကြား​မည် ဆိုပါက မိမိ၏ Privacy Settingကို အ​သေအချာ စစ်​ဆေး​သင့်​ပေသည်။

ဂျာမနီမှ ဆယ်​ကျော်သက် မိန်း​က​လေး​တစ်ဦး​ခမျာ ထိုသို့​ သတိမရှိခဲ့​ခြင်း​ကြောင့်​ မျက်လုံး​ပြူး​ခဲ့​ရသည်။ သူမသည် အသက် ၁၆ နှစ်ပြည့်​ ​မွေး​နေ့​တွင် ပြုလုပ်မည့်​ ပါတီပွဲကို သူငယ်ချင်း​များ​ထံ ရည်စူး​ပြီး​ Facebookမှတဆင့်​ ဖိတ်ကြား​လိုက်သည်။

သို့​သော်လည်း​ ထိုဖိတ်ကြား​မှုသည် သူငယ်ချင်း​များ​အပြင် လူ​ပေါင်း​များ​စွာထံ ပျံ့​နှံ့​သွား​ပြီး​ ပါတီပွဲသို့​ လူ ၁၅၀၀ ​ကျော် ​ရောက်ရှိလာခဲ့​သည်။ ​မေလ ၃ ရက်​နေ့​က ဟမ်း​ဘက်ရှိ အိမ်တစ်လုံး​တွင် ဖြစ်ခဲ့​သည့်​ ဝရုန်း​သုန်း​ကား​ ပါတီပွဲကို ထိန်း​သိမ်း​ရန် ရဲဝန်ထမ်း​ ၁၀၀ နီး​ပါး​ လာ​ရောက်ခဲ့​ရသည်။

အဝတ်အစား​ တိုတိုကပ်ကပ် ဝတ်ထား​သော မိန်း​က​လေး​များ​ခမျာ ကွဲ​ကြေ​နေ​သော ဖန်ခွက်များ​ကြောင့်​ ​ခြေ​ထောက်များ​ ရှခဲ့​ရသည်။ ​သောင်း​ကျန်း​နေသူများ​က အမှိုက်ပုံး​ကြီး​ တစ်ခုကိုလည်း​ မီး​ရှို့​ခဲ့​သေး​သည်။ ​နောက်ပိုင်း​တွင် ဟမ်း​ဘက်ရဲတပ်ဖွဲ့​က လူ ၁၁ ဦး​ကို ထိန်း​သိမ်း​ပြီး​နောက် လူစုခွဲခဲ့​ရသည်။

ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ မာကိုစထရိုက်ဘာက ပါတီပွဲ ကျင်း​ပ​သော ​မွေး​နေ့​ရှင်ဖြစ်သူ သီ​ရေဆာဟုသာ အမည်​ဖော်ပြသည့်​ မိန်း​က​လေး​သည် ​ကြောက်အား​လန့်​အား​ဖြင့်​ ထွက်​ပြေး​ပုန်း​ရှောင်​နေခဲ့​ရ​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here