အိပ်ချိန်နည်း​သူများ​ ရက်စက်အနိုင်ကျင့်​တတ်

alt

အိပ်ချိန်နည်း​ပါး​ခြင်း​သည် ရက်စက်အနိုင်ကျင့်​တတ်​သော အကျင့်​စရိုက်နှင့်​ ဆက်စပ်မှု ရှိ​နေ​ကြောင်း​ သု​တေသီများ​က ​ပြောကြား​လိုက်သည်။ ​

ကျောင်း​သား​ က​လေး​ငယ်များ​သည် ​နေ့​စဉ် ၁၀ နာရီနှင့်​ ၁၁ နာရီကြား​ အိပ်စက်ချိန် မရပါက ​ကျောင်း​တွင် စည်း​ကမ်း​လိုက်နာမှု အား​နည်း​ပြီး​ အတန်း​ဖော်များ​အ​ပေါ် ရန်လိုအနိုင်ကျင့်​မှု ပိုများ​ကြောင်း​ အ​မေရိကန် သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။

အိပ်စက်ခြင်း​ဆိုင်ရာ ​ဆေး​ပညာ ဂျာနယ်က မစ်ချီဂန် တက္ကသိုလ်၏ အိပ်ချိန်မမှန်မှုဆိုင်ရာ ​လေ့​လာ​ရေး​စင်တာမှ သု​တေသီများ​၏ ​ဖော်ထုတ်​တွေ့​ရှိချက်ကို အ​သေး​စိတ် ​ဖော်ပြ​ပေး​ခဲ့​သည်။ ယီဆလန်တီရှိ ​ကျောင်း​သား​ငယ်​လေး​များ​၏ အပြုအမူနှင့်​ အိပ်​ရေး​မဝမှု ဆက်စပ်ခြင်း​ ရှိမရှိ သု​တေသနပြု ​လေ့​လာပြီး​နောက် ယခု​တွေ့​ရှိချက်ကို ထုတ်​ဖော်​ကြေညာခဲ့​ခြင်း​ဖြစ်သည်။

ဌာနမှ လက်​ထောက်ပ​ရော်ဖက်ဆာ လူး​ဝစ်အိုဘရိုင်က မိမိတို့​အ​နေနှင့်​ ကျန်း​မာ​ရေး​နှင့်​ ညီညွတ်​သော ​နေထိုင်မှု၊​ စား​သောက်မှု၊​ ​လေ့​ကျင့်​ခန်း​ ပြုလုပ်မှုများ​အတွက် တိုက်တွန်း​ကြောင်း​၊​ ထို့​အပြင် အိပ်စက်မှု အ​နေအထား​၊​ အချိန်မမှန်ခြင်း​ဖြင့်​လည်း​ လူမှုဘဝတွင် အ​နေအထိုင် အကျင့်​အကြံ ​ပြောင်း​လဲသွား​တတ်သည်ကို က​လေး​မိဘများ​ သတိထား​စေလို​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

က​လေး​များ​ကို အိပ်ချိန်များ​များ​ အိပ်စက်​စေခြင်း​ဖြင့်​ အနိုင်ကျင့်​ ရန်ပြုတတ်​သော အကျင့်​ဆိုး​ကို ​လျော့​နည်း​စေလိမ့်​မည်ဟု အိုဘရိုင်က သုံး​သပ်​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here