ကံ​ကောင်း​စေရန် အရှင်လတ်လတ် ​မြေမြှုပ်ခံသည့်​ ရုရှား​လူမျိုး​ ​သေဆုံး​သွား​

alt

ကံ​ကောင်း​စေသည်ဟူ​သော အယူအဆဖြင့်​ အရှင်လတ်လတ် ​မြေမြှုပ်ခံခဲ့​သော ရုရှား​လူမျိုး​တစ်ဦး​ ​သေဆုံး​သွား​ခဲ့​သည်။

၎င်းသည် သူငယ်ချင်း​ တစ်ဦး​အား​ အကူအညီ​တောင်း​ကာ ​မြေ​အောက်တွင် တစ်ည​နေရန် ကြိုး​ပမ်း​ခဲ့​ခြင်း​ဖြစ်သည်။ နိုင်ငံအ​ရှေ့​ပိုင်း​ ဘလာ​ဂေါ့​ဗက်ရှချက်တွင် ​နေထိုင်​သော အသက် ၃၅ နှစ်အရွယ် ပုဂ္ဂိုလ်သည် အ​ခေါင်း​တစ်ခုထဲ ဝင်​ရောက်ကာ ​လေ​ပေါက်​လေး​များ​ ​ဖောက်ပြီး​နောက် ဥယျာဉ်တစ်ခုအတွင်း​ ​မြေမြှုပ်ခံခဲ့​ခြင်း​ဖြစ်သည်။

သူငယ်ချင်း​ဖြစ်သူသည် အ​ခေါင်း​ထဲတွင် ဖုန်း​တစ်လုံး​နှင့်​ ​ရေတစ်ပုလင်း​ကိုပင် ထား​ခဲ့​ပေး​သည်။ ဖုန်း​မှာ အ​ရေး​ကြံုပါက ဆက်သွယ်အချက်​ပေး​ရန်ဖြစ်သည်။ ​နောက်တစ်​နေ့​ နံနက်တွင် သူငယ်ချင်း​ ဖြစ်သူမှာ ဥယျာဉ်အတွင်း​ သွား​ရောက်ပြီး​ အ​ခေါင်း​ကို ပြန်လည်​ဖော်ခဲ့​ရာ အတွင်း​မှပုဂ္ဂိုလ် ​သေဆုံး​နေသည်ကို ​တွေ့​ရှိခဲ့​ရသည်။

စုံ​ထောက်များ​က ​သေဆုံး​သူသည် ယတြာသ​ဘောဖြင့်​ အ​ခေါင်း​ထဲ တစ်ညဝင်အိပ်ခြင်း​ဖြင့်​ ဘဝတ​လျှောက် ကံ​ကောင်း​စေမည်ဟု ယုံကြည်ခဲ့​ကြောင်း​ ​ပြောကြား​သွား​သည်။ ​သေသူမှာ ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦး​ဖြစ်ပြီး​ က​လေး​ငယ်တစ်ဦး​လည်း​ရှိ​ကြောင်း​ သိရသည်။ အ​ခေါင်း​ကို ပြန်​ဖော်ချိန်တွင် ​မြေအနက်မှာ ၂၀ စင်တီမီတာမျှသာ ရှိ​နေ​ကြောင်း​ စုံ​ထောက်ဌာနကဆိုသည်။

ရဲများ​သည် ​မြေမြှုပ်​ပေး​ခဲ့​သော သူငယ်ချင်း​အား​ စစ်​ဆေး​မေး​မြန်း​မှုများ​ ပြုလုပ်​နေဆဲဖြစ်သည်။ ယင်း​ဖြစ်ရပ်မျိုး​သည် ရုရှား​တွင် ပထမဆုံး​အကြိမ် ကြံုရခြင်း​ မဟုတ်​ပေ။ ပြီး​ခဲ့​သည့်​ ​နွေရာသီကလည်း​ ​မော်စကိုမြို့​သား​တစ်ဦး​ ယတြာ​ချေပြီး​ အရှင်လတ်လတ် ​မြေမြှုပ်ခံခဲ့​ရာ တစ်နာရီခွဲအကြာတွင် အ​ခေါင်း​ကို ပြန်​ဖော်ကြည့်​ပြီး​နောက် ၎င်း၏ အ​လောင်း​ကိုသာ ပြန်ရခဲ့​ဖူး​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here