အလှမယ်ပြိုင်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်မိသည့်​ မွတ်ဆလင်မိန်း​က​လေး​ ​ကျောက်တုံး​ဖြင့်​ပစ်​ပေါက် အသတ်ခံရ

alt

အစ္စလာမ်ဘာသာဝင် မိန်း​က​လေး​တစ်ဦး​သည် အလှမယ်ပြိုင်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်မိရုံဖြင့်​ ​ကျောက်တုံး​များ​နှင့်​ ပစ်​ပေါက်သတ်ဖြတ် ခံခဲ့​ရ​ကြောင်း​ သိရသည်။

ယူကရိန်း​မှ အသက် ၁၉ နှစ်အရွယ် ကက်တာယာကိုရန်သည် ခရီမီယာ​ဒေသရှိ ရွာတစ်ခုအနီး​ ​နေထိုင်သူဖြစ်ပြီး​ သူမ၏ အ​လောင်း​ကို ရွာပြင်တွင် ​တွေ့​ရှိခဲ့​သည်။ သူမ၏ မိတ်​ဆွေများ​က ကက်တာယာသည် ဖက်ရှင်ကျန​သော အဝတ်အစား​များ​ဖြင့်​ အလှမယ်ပြိုင်ပွဲတစ်ခုသို့​ သွား​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး​နောက် အစ္စလာမ် ရှာရီယာ စည်း​မျဉ်း​များ​ကို ​ဖောက်ဖျက်​ကြောင်း​ စွပ်စွဲခံရပြီး​ မွတ်ဆလင် လူငယ် ၃ ဦး​က ဖမ်း​ဆီး​ကာ ​သေဒဏ်စီရင်ခြင်း​ ခံခဲ့​ရ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

လူငယ် ၃ ဦး​အနက် ၁၆ နှစ်အရွယ် ဘီဟယ်ဂါဇီယက် ဆိုသူကို ဖမ်း​ဆီး​ထား​ပြီး​ဖြစ်သည်။ ၎င်းက မိန်း​က​လေး​အား​ ရှာရီယာ စည်း​မျဉ်း​များ​ကို ​ဖောက်ပြန်မှုအတွက် ​သေဒဏ်ထိုက်သင့်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အစ္စလာမ်ဘာသာ​ရေး​တွင် အိမ်​ထောင်​ရေး​ဖောက်ဖျက်ခြင်း​ကဲ့​သို့​ ပြစ်မှုများ​အတွက် ​ကျောက်တုံး​ဖြင့်​ ပစ်​ပေါက်သတ်ဖြတ်မှုများ​ ပြုလုပ်မှုများ​ ရှိ​နေဆဲဟု နိုင်ငံတကာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အဖွဲ့​ကြီး​က ​ပြောကြား​ခဲ့​သည်။

အီရန်၊​ နိုက်ဂျီး​ရီး​ယား​နှင့်​ ပါကစ္စတန်တို့​တွင်လည်း​ အလား​တူ ဖြစ်ရပ်များ​ ​ပေါ်​ပေါက်ခဲ့​သည်ကို မိမိတို့​ သတင်း​ရရှိထား​ကြောင်း​ အဆိုပါ အဖွဲ့​ကြီး​က ​ပြောကြား​ခဲ့​သည်။ ၂၀၀၉ ခုနှစ်က အဆိုပါ ပုံစံမျိုး​ဖြင့်​ ​သေဒဏ်ချခံရသူ ၂၇၀ ​ကျော်ထိ ရှိခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here