မိ​ကျောင်း​ဖမ်း​သည့်​ အသက် ၁၀ နှစ်သား​က​လေး​ငယ်

alt

အသက် ၁၀ နှစ်အရွယ် မိုက်ကယ်ဒက်ရှာသည် သူငယ်ချင်း​များ​နှင့်​ အနီး​ရှိ တူး​မြောင်း​တစ်ခုအတွင်း​ ငါး​သွား​မျှား​ရန် မိခင်ကို ခွင့်​တောင်း​ပြီး​ ထွက်သွား​ခဲ့​သည်။

၎င်းပြန်လာချိန်တွင်မူ မိခင်မှာ အကြီး​အကျယ် အံ့​ဩထိတ်လန့်​ခဲ့​ရသည်။ အ​မေရိကန် ချာတိတ်​လေး​သည် ၁.၈ မီတာရှည်​သော မိ​ကျောင်း​တစ်​ကောင်ကို တရွတ်တိုက် ဆွဲလာခြင်း​ကြောင့်​ဖြစ်သည်။ မိုက်ကယ်​လေး​သည် အဆိုပါ တွား​သွား​သတ္တဝါကြီး​သည် ၎င်းကို အရှင်လတ်လတ် ဝါး​စား​သတ်ဖြတ်နိုင်​ကြောင်း​ လုံး​ဝမသိခဲ့​ချေ။ မိုက်ကယ်၏ အဖိုး​သည် အိမ်​ရှေ့​ရောက်​နေသည့်​ မိ​ကျောင်း​ကြီး​ကိုကြည့်​ပြီး​ သတိလစ်မလိုပင် ဖြစ်သွား​သည်။

ဖ​လော်ရီဒါ ငါး​နှင့်​ သား​ရိုင်း​တိရစ္ဆာန် ​စောင့်​ရှောက်​ရေး​ ​ကော်မရှင်မှ အရာရှိများ​က ​ရော့​လက်ရှိ အိမ်တစ်လုံး​မှ ဖုန်း​ဆက်အ​ကြောင်း​ကြား​မှု​ကြောင့်​ ​မေလကုန်ပိုင်း​က သွား​ရောက်ခဲ့​ရာ မိ​ကျောင်း​ကြီး​အား​ ​တွေ့​ရှိခဲ့​သည်။ မိုက်ကယ်က ငါး​မျှား​နေရင်း​ ငါး​မျှား​ကြိုး​ကို အ​ကောင်ကြီး​ကြီး​ တစ်​ကောင်က ကိုက်​နေမှန်း​ သိသဖြင့်​ အတင်း​ဆွဲခဲ့​ကြောင်း​၊​ ထိုအ​ကောင်ကြီး​သည် မိမိထံ ​ပြေး​လာသည်ကို မြင်သည့်​အတွက် ၎င်း၏ ​ကျော​ပေါ်သို့​ ခုန်တက်ကာ ငါး​မျှား​တံဖြင့်​ ရိုက်ခဲ့​ကြောင်း​ အရာရှိများ​ကို ​ပြောပြခဲ့​သည်။

၎င်းသည် မိ​ကျောင်း​ကို တရွတ်ဆွဲပြီး​ ပြန်လာခဲ့​ခြင်း​ဖြစ်သည်။ မိ​ကျောင်း​အား​ ရိုက်နှက်ခဲ့​သည့်​အတွက် လက်နှင့်​ လက်​မောင်း​တို့​တွင် ပွန်း​ပဲ့​ရုံသာ ဖြစ်ခဲ့​ကြောင်း​ သိရသည်။ တာဝန်ရှိသူများ​က မိုက်ကယ်လက်မှ မိ​ကျောင်း​ကို လက်လွှဲယူပြီး​ စိန့်​ဂျွန်မြစ်အတွင်း​ ပြန်လွှတ်​ပေး​ခဲ့​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here