ဂျနီဖာလိုပက်ဇ်​ခြေရာနင်း​မည့်​ ကက်ထရီနာလိုပက်ဇ်

alt

ဂျနီဖာလိုပက်ဇ်သည် ကမ္ဘာ​ပေါ်တွင် ဆွဲ​ဆောင်အား​ အပြင်း​ပြဆုံး​ အမျိုး​သမီး​တစ်ဦး​ဖြစ်​ကြောင်း​ ငြင်း​ဆိုမည့်​သူ များ​များ​စား​စား​ ရှိမည်မဟုတ်​ပေ။

ယခုအခါ နာမည်​ကျော် အဆို​တော် မင်း​သမီး​ဖြစ်သည့်​ အ​ဒေါ်၏ ​ခြေရာကို လိုက်နင်း​မည့်​ ကက်ထရီနာလိုပက်ဇ် ထွက်​ပေါ်လာပြီဖြစ်သည်။ ကက်ထရီနာသည် ​မော်ဒယ်နှင့်​ အကမယ်တစ်ဦး​ဖြစ်ပြီး​ ​ဘောလီး​ဝုဒ် ရပ်ဝန်း​သို့​ Bhindi Bazaar Incမှတဆင့်​ ချဉ်း​ကပ်ဝင်​ရောက်ရန် စီစဉ်​နေသည်။

သူမသည် ​ဟောလီး​ဝုဒ်ထက် အိန္ဒိယ ရုပ်ရှင်ရပ်ဝန်း​ ​ဘောလီး​ဝုဒ်ကို နှစ်သက်သူဖြစ်သည်။ ​ဘောလီး​ဝုဒ်သည် ရုပ်ရှင်များ​ဖန်တီး​မှုတွင် ဆန်း​သစ်​ပြောင်း​လဲပြီး​ အကနှင့်​ အဆိုကို အသား​ပေး​သည့်​အတွက် အလွန်သ​ဘောကျမိ​ကြောင်း​ ကက်ထရီး​နား​က ​ပြောကြား​ခဲ့​သည်။

လက်တင်အလှမယ် ကက်ထရီး​နား​သည် အရီဇိုး​နား​တွင် ကြီး​ပြင်း​ခဲ့​သော်လည်း​ အ​မေရိကန်တွင် ရပ်တည်ရန် ငြင်း​ဆန်ကာ ​ဘောလီး​ဝုဒ်သို့​ ဝင်တိုး​ရန်သာ အား​သန်​နေသူဖြစ်သည်။ Bnindi Bazaar Incကို ​မေလ ၂၀ ရက်​နေ့​က စတင်ရုံတင်ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here