စီး​ကရက်ဘူး​များ​တွင် သတိ​ပေး​ပုံရိပ်များ​ ထည့်​ခြင်း​ဖြင့်​ ​ဆေး​လိပ်​သောက်မှု​​လျှော့​ချ​ရေး​ ပိုမိုလုပ်​ဆောင်နိုင်ဖွယ်ရှိ

alt

စီး​ကရက်ဘူး​များ​တွင် Graphicဖြင့်​ သတိ​ပေး​ချက် ထည့်​ပေး​ခြင်း​ဖြင့်​ ဆေး​လိပ်​သောက်မှု ​လျှော့​ချ​ရေး​ကို ပိုမိုလုပ်​ဆောင်လာနိုင်ဖွယ် ရှိ​နေ​ကြောင်း​ သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။

သိပ္ပံပညာရှင်များ​က နိုင်ငံအများ​စုရှိ ဆေး​လိပ်​သောက်သူများ​သည် စီး​ကရက်ဘူး​ရှိ သတိ​ပေး​စာများ​ကို အ​လေး​အနက်ပြု​လေ့​ သိပ်မရှိဟု ​တွေ့​ရှိခဲ့​သည်။ ယင်း​ကြောင့်​ စီး​ကရက်ဘူး​များ​တွင် ပိုမို​ကောင်း​မွန်​သော သတိ​ပေး​စနစ် ထည့်​သွင်း​ရန် ပညာရှင်များ​က ဆွေး​နွေး​ခဲ့​သည်။ နိုင်ငံ ၁၄ ခုအနက် ၆ ခုမှ ​ဆေး​လိပ်​သောက်သူများ​က သတိ​ပေး​ စာသား​များ​ကြောင့်​ ​ဆေး​လိပ်ဖြတ်ရန် စိတ်ကူး​ခဲ့​သော်လည်း​ လက်​တွေ့​တွင်လုပ်နိုင်ခဲ​ကြောင်း​ ဖွင့်​ဟခဲ့​သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့်​နှစ်အတွင်း​ ဘင်္ဂလား​ဒေ့​ရှ်၊​ ဘရာဇီး​၊​ တရုတ်၊​ အီဂျစ်၊​ အိန္ဒိယ၊​ မက္ကစီကို၊​ ဖိလစ်ပိုင်၊​ ပိုလန်၊​ ရုရှား​၊​ ထိုင်း​၊​ တူရကီ၊​ ယူကရိန်း​၊​ ဥရု​ဂွေး​နှင့်​ ဗီယက်နမ်တို့​ရှိ ​ဆေး​လိပ်​သောက်သူများ​၏ အမူအကျင့်​များ​ကို စနစ်တကျ ​လေ့​လာပြီး​နောက် အ​မေရိကန် ​ရောဂါ ထိန်း​ချုပ်ကုသ​ရေး​စင်တာက Graphicပုံရိပ်များ​ဖြင့်​ သတိ​ပေး​ခြင်း​သည် ပိုမိုသက်​ရောက်မှု ရှိနိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဘရာဇီး​နှင့်​ ထိုင်း​တို့​တွင် ပုံရိပ်များ​ဖြင့်​ သတိ​ပေး​ချက်သည် ​ဆေး​လိပ်​သောက်သူများ​၏ စိတ်ကို ပိုမိုသိသာစွာ ရိုက်ခတ်​နေ​ကြောင်း​ ပညာရှင်များ​ကဆိုသည်။ ဥ​ရောပတိုက်နှင့်​ အချို့​သော ကမ္ဘာ့​နိုင်ငံများ​တွင် ​ဆေး​လိပ်​သောက်မှု​ကြောင့်​ ဘေး​အန္တရာယ် ဖြစ်​စေနိုင်​ကြောင်း​ သတိ​ပေး​ စာတန်း​များ​အစား​ Graphicပုံများ​ ထည့်​သွင်း​ပေး​ခြင်း​ကို လုပ်ကိုင်​နေခဲ့​ပြီး​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here