၁၄ လအရွယ်က​လေး​ငယ်ကို အဝတ်​သေတ္တာ​ထဲထည့်​ထား​သည့်​ မိခင်အား​ ရဲတပ်ဖွဲ့​ဖမ်း​ဆီး​

alt

၁၄ လသား​ က​လေး​ငယ်ကို အဝတ်​သေတ္တာထဲ ထည့်​ထား​သည့်​ မိခင်ဖြစ်သူအား​ ရဲများ​ကဖမ်း​ဆီး​လိုက်သည်။

မိန်း​က​လေး​ငယ်သည် အဝတ်​သေတ္တာထဲထည့်​ပြီး​ အိမ်နီး​ချင်း​တစ်ဦး​၏ အမှိုက်ပုံး​ထဲသို့​ မိခင်ဖြစ်သူက စွန့်​ပစ်ထား​သည့်​အတွက် အစာ​ရေစာပြတ်လပ်​သေဆုံး​ခဲ့​ကြောင်း​ ရဲများ​ကဆိုသည်။ ယခုအခါ တာနီယာကိုး​မန်း​ကို အာမခံခွင့်​မပြုဘဲ ရဲများ​က ဖမ်း​ဆီး​ထား​လိုက်သည်။ အသက် ၂၀ အရွယ် အမျိုး​သမီး​သည်က​လေး​၏ မိခင်ဖြစ်​ကြောင်း​ အိမ်နီး​နား​ချင်း​များ​၏ အကူအညီဖြင့်​ ရဲတပ်ဖွဲ့​ကအတည်ပြုခဲ့​သည်။

တာနီယာတွင် လက်ရှိအချိန် ကိုယ်ဝန်ရှိ​နေပြီး​ အသက် ၂နှစ်နှင့်​ ၃ နှစ်အရွယ် က​လေး​ နှစ်ဦး​လည်း​ ရှိ​နေ​သေး​သည်။ သူမ၏ အငယ်ဆုံး​က​လေး​​သေဆုံး​ခြင်း​သည် မည်မျှကြာ​နေပြီဆိုခြင်း​ကိုမူ ရဲများ​က မ​ကြေညာခဲ့​ပေ။

DNAစစ်​ဆေး​မှုများ​အရ က​လေး​မ​လေး​သည် တာနီယာ၏ က​လေး​ဖြစ်​ကြောင်း​မူ အတည်ပြုနိုင်ခဲ့​သည်။ တာနီယာသည် က​လေး​ငယ်ကို တာဝန်မဲ့​စွာ ပြုကျင့်​မှု၊​ လူသတ်မှုများ​နှင့်​ တရား​စွဲခံထား​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here