ဂင်း​နစ်စံချိန်တင် ကမ္ဘာ့​အသက်အကြီး​ဆုံး​ ကာယအလှမယ်

alt

ဂင်း​နစ် ကမ္ဘာ့​စံချိန် မှတ်တမ်း​စာအုပ်က အာနက်စတိုင်း​ ရှား​ပက်ကို အသက်အကြီး​ဆုံး​ ကာယအလှမယ်အဖြစ် အသိအမှတ်ပြု ​ရွေး​ချယ်လိုက်ပြီဖြစ်သည်။

အသက် ရ၄ နှစ်အရွယ် အမျိုး​သမီး​ကြီး​သည် ယခုအချိန်ထိ ကိုယ်ကယာ ကြံ့​ခိုင်​တောင့်​တင်း​စွာ ရှိ​နေဆဲဖြစ်သည်။ သူမသည် ပုံမှန်ကာယဗလ ​လေ့​ကျင့်​ခန်း​များ​ လုပ်​ဆောင်ခဲ့​ပြီး​ အခြား​သော အား​ကစား​သမား​များ​ကိုလည်း​ စိတ်ဓာတ်မြှင့်​တင်​ပေး​ခဲ့​သည်။

အ​မေရိကန်နိုင်ငံ၊​ ဘာတီမိုး​ရှိ ကိုယ်ကာယ ကြံ့​ခိုင်မှု စင်တာတစ်ခုတွင် သူမသည် ယခုအချိန်ထိ နည်း​ပြအဖြစ် ​ဆောင်ရွက်​နေဆဲဖြစ်သည်။ သူမသည် အသက် လွန်ခဲ့​သော ၁၈ နှစ်ကတည်း​က ​လေ့​ကျင့်​ခန်း​နှင့်​ အစား​အ​သောက် ဆင်ခြင်မှုတို့​ကို စနစ်တကျ ပြုလုပ်ကာ ခန္ဓာကိုယ် ကြံ့​ခိုင်ဖွံ့​ဖြိုး​မှုအတွက် ကြိုး​စား​လေ့​ကျင့်​ခဲ့​ခြင်း​ဖြစ်သည်။

သူမ၏ အသက်အရွယ်ဖြင့်​ ယခုကဲ့​သို့​ ​တောင့်​တင်း​ကြံ့​ခိုင်​နေခြင်း​ကို လူအများ​က နှစ်သက်​လေ့​ရှိ​ကြောင်း​ ရှင်း​ပြခဲ့​သည်။ သူမအသက် ၅၆ နှစ်အရွယ်ထိ အဆီအဆိမ့်​များ​ စား​သောက်ပြီး​ ထိုင်း​ထိုင်း​မှိုင်း​မှိုင်း​ ​နေခဲ့​ဖူး​သော်လည်း​ ​နောက်ပိုင်း​တွင် အား​ကစား​ကို ​ဇောက်ချလုပ်​ဆောင်လာရာ ယခုအခါ မာရသွန်ပြိုင်ပွဲ ၉ ခုတွင် ပါဝင်ယှဉ်ပြိုင်ဖူး​ပြီး​ ကာယဗလ ပြိုင်ပွဲ ၂ ခုတွင် ဗိုလ်စွဲခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here