အဆို​တော်​အမ်မီဝိုင်း​ဟောက် အရက်​သောက်ခြင်း​အား​ ဆရာဝန်များ​ပြင်း​ထန်စွာ သတိ​ပေး​

alt

အမ်မီဝိုင်း​ဟောက်အား​ ဆရာဝန်များ​က သူမအ​နေနှင့်​ အရက်​သောက်လျင် ​သေမည်ဖြစ်​ကြောင်း​ ပြင်း​ပြင်း​ထန်ထန် သတိ​ပေး​လိုက်သည်။

အသက် ၂၇ နှစ်ရှိ ဗြိတိသျှ အဆို​တော်၏ ကျန်း​မာ​ရေး​သည် အလွန်ဆိုး​ရွား​နေ​ကြောင်း​ ဆရာဝန်များ​ကဆိုသည်။ သူမသည် အရက်နှင့်​ မူး​ယစ်​ဆေး​ အလွန်အကျွံ စွဲလန်း​ရာမှ ကျန်း​မာ​ရေး​ ယိုယွင်း​ လျက်ရှိသည်။ ဆရာဝန်များ​က အမ်မီအား​ အရက်ဖြတ်ရန် တိုက်တွန်း​ခဲ့​ကြသလို သူမအ​နေနှင့်​ ​နောက်ထပ်အရက်​သောက်​နေလျင် ​သေရန်သာရှိ​တော့​ကြောင်း​ ပွင့်​ပွင့်​ လင်း​လင်း​ ​ပြောကြား​ခဲ့​ခြင်း​ဖြစ်သည်။

ဂရမ်မီဆုရှင် တစ်ဦး​ဖြစ်​သော အမ်မီသည် ၂၀၀၇ ခုနှစ်နှင့်​ ၂၀၀၉ ခုနှစ်များ​ကလည်း​ ကျန်း​မာ​ရေး​ ​ဖောက်ပြန်ယိုယွင်း​မှု​ကြောင့်​ ​ ဆေး​ရုံတက်ခဲ့​ရ​သေး​သည်။ ယခုအခါ အမ်မီ၏ မိသား​စုအ​နေနှင့်​လည်း​ အမ်မီအတွက် အလွန်စိုး​ရိမ်​နေ​ကြောင်း​ သိရသည်။

ဖခင်ဖြစ်သူ မစ်ဝိုင်း​ဟောက်နှင့်​ ချစ်သူဖြစ်​သော ရက်ထရာဗစ်တို့​သည် အမ်မီအား​ အရက်မ​သောက်ရန် တိုက်တွန်း​လျက်ရှိ​သော်လည်း​ အမ်မီက ဆရာဝန်များ​၏ သတိ​ပေး​မှုကို အမှုထား​ဟန်မရှိ​ကြောင်း​လည်း​ နီး​ စပ်သူများ​က ​ပြောကြား​ခဲ့​သည်။ သူမသည် အယ်ဘမ်သစ် ထုတ်​ဝေရန် စိုင်း​ပြင်း​စီစဉ်ခဲ့​သေး​သော်လည်း​ ကျန်း​မာ​ရေး​ကြောင့်​ ​ရွှေ့​ဆိုင်း​ထား​ရ​ကြောင်း​ သတင်း​များ​က ​ ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here