တရုတ်​ရေတပ် သ​င်္ဘောများ​အား​ ​ရေပြင်ပိုင်နက်အတွက် ဗီယက်နမ်သတိ​ပေး​

alt

တရုတ်​ရေတပ် သ​င်္ဘောများ​ ပင်လယ်အတွင်း​ ကင်း​လှည့်​ခြင်း​နှင့်​ ပတ်သက်၍ ဗီယက်နမ်က သတိ​ပေး​ ​ပြောကြား​လိုက်သည်။

မိမိတို့​သည် ပိုင်နက်နယ်​မြေကို ထိပါး​လာသည့်​ မည်သည့်​အပြုအမူကိုမဆို အဆုံး​စွန် အ​ရေး​ယူမည်ဖြစ်​ကြောင်း​ ဗီယက်နမ်က ​ပြောကြား​လိုက်သည်။ တရုတ်​ရေတပ် သ​င်္ဘောများ​ ဗီယက်နမ် ​ရေပိုင်နက်ကို ဖြတ်​ကျော်ဝင်​ရောက်ခဲ့​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်လာပြီး​နောက် ဗီယက်နမ်က ယခုလို ​ကြေညာလိုက်ခြင်း​ဖြစ်သည်။ တရုတ် တိုက်သ​င်္ဘော ၃ စင်း​သည် နိုင်ငံတကာ ​ရေပိုင်နက် သတ်မှတ်ထား​မှုအရ ဗီယက်နမ်ပိုင်​သော ​ရေပြင်အတွင်း​ ဝင်​ရောက်လာကာ ဗီယက်နမ် စစ်သ​င်္ဘောများ​ကို ခြိမ်း​ခြောက်​သော အပြုအမူမျိုး​ ပြုလုပ်ခဲ့​ကြောင်း​ သိရသည်။ တရုတ်ကမူ ဗီယက်နမ် ဓာတ်​ငွေ့​ကုမ္ပဏီ PetroVietnamမှ သ​င်္ဘောများ​ တရုတ်​ရေပိုင်နက်ထဲ ကျူး​ကျော်လာခြင်း​ဖြစ်​ကြောင်း​ စွပ်စွဲခဲ့​သည်။

သို့​သော်လည်း​ ဗီယက်နမ်က အခင်း​ဖြစ်သည့်​ ​နေရာသည် တရုတ်ပိုင် ဟိုင်နန်ကျွန်း​မှ ​တောင်ဖက် ၃၇၀ မိုင်အကွာတွင် ရှိ​နေပြီး​ ဗီယက်နမ် ကမ်း​ခြေမှ မိုင် ၈၀ မျှ အကွာတွင်ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဗီယက်နမ် ​ရေတပ်သည် ပိုင်နက်နယ်​မြေ လုံခြံု​ရေး​အတွက် လုပ်ပိုင်ခွင့်​ရှိသမျှ လုပ်​ဆောင်မည်ဟု ဗီယက်နမ် နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​ ငုယန်​ဖောင်ငါက ​ပြောဆိုခဲ့​သည်။

ယခုသီတင်း​ပတ်အတွင်း​ အရှုပ်အ​ထွေး​ ဖြစ်ခဲ့​ရာ ​ရေပြင်သည် ဗီယက်နမ် သ​င်္ဘောများ​ ဖြတ်သန်း​သွား​လာ​နေ​သော ​ဒေသလည်း​ဖြစ်သည်။ တရုတ်သ​င်္ဘောများ​သည် လျင်မြန်စွာ ခုတ်​မောင်း​ခဲ့​ပြီး​ ဓာတ်​ငွေ့​တူး​ဖော်​ရေး​မျှော်စင်၏ ဝိုင်ယာကြိုး​များ​ကိုလည်း​ ဖြတ်​တောက်ခဲ့​ကြောင်း​ ဗီယက်နမ်က စွပ်စွဲထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here