IMF အကြီး​အကဲ​ဟောင်း​နှင့်​ လိင်အဆက်​အဆံရှိခဲ့​ကြောင်း​ အ​ဖော်အချွတ်မယ်​တစ်ဦး​ဖွင့်​ဟ

alt

အ​ဖော်အချွတ်မယ် တစ်ဦး​က သူမသည် နိုင်ငံတကာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ (IMF)၏အကြီး​အကဲ​ဟောင်း​နှင့်​ လိင်ပိုင်း​ဆိုင်ရာ အဆက်အဆံ ရှိခဲ့​ဖူး​ကြောင်း​ ဖွင့်​ဟ​ပြောကြား​လိုက်သည်။

သူမနှင့် ​ သူငယ်ချင်း​ အမျိုး​သမီး​ တစ်ဦး​သည် IMFအကြီး​အကဲ​ဟောင်း​ ​ဒေါမနစ် စတူး​ဝပ်ခန်း​နှင့်​ ပြင်သစ်နိုင်ငံပဲရစ်မြို့​တော်ရှိ နိုက်ကလပ် တစ်ခုတွင် ဆုံ​တွေ့​ပျော်ပါး​ခဲ့​ကြောင်း​Natasha Kissကဲ့​သို့​ ရမ္မက်ကြမ်း​ကြမ်း​ ဇာတ်ကား​များ​တွင် သရုပ်​ဆောင်ခဲ့​ဖူး​သော အသက် ၃၈ နှစ်ရှိ မစ်ချယ်လီ ကွန်တီက ဖွင့်​ဟခဲ့​သည်။

​ ဒေါမနစ်သည် ပြင်သစ်နိုင်ငံ​ရေး​တွင် ဩဇာကြီး​မား​သူ တစ်ဦး​လည်း​ဖြစ်သည်။ ၎င်းသည် အ​မေရိကန်နိုင်ငံ၊​ နယူး​ယောက်မြို့​တွင် ဟိုတယ်ဝန်ထမ်း​ အမျိုး​သမီး​တစ်ဦး​ကို လိင်ပိုင်း​ဆိုင်ရာ မတော်မတရား​ ကျူး​လွန်ခဲ့​ကြောင်း​ စွပ်စွဲမှု တစ်ခု​ကြောင့်​ IMF၏ အကြီး​အကဲ ရာထူး​ကိုပင် စွန့်​ပစ်ခဲ့​ရသည်။

အသက် ၆၂ နှစ်ရှိ ​ဒေါမနစ်သည် ယခုအခါ နယူး​ယောက် တရား​ရုံး​တွင် အမှုရင်ဆိုင်​နေရသူလည်း​ဖြစ်သည်။ မစ်ချယ်လီက ​ဒေါမနစ်သည် အမျိုး​သမီး​တစ်ဦး​ကို မုဒိမ်း​ကျင့်​စရာ အ​ကြောင်း​လုံး​ဝ မရှိ​ကြောင်း​၊​ ၎င်းသည် လိုအပ်လျင် မည်သူ့​ကိုမဆို ​ငွေ​ပေး​နိုင်​ကြောင်း​ IMFအကြီး​အကဲ​ဟောင်း​ဖက်မှ ကာကွယ်​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here