ဘင်လာဒင်အား​ လုပ်ကြံသည့်​ စစ်ဆင်​ရေး​အတွက် ပါကစ္စတန်အစိုး​ရက အထူး​စုံစမ်း​ရေး​ကော်မရှင်ဖွဲ့​

alt

ပါကစ္စတန် အစိုး​ရက အိုစမာဘင်လာဒင်ကို လုပ်ကြံသည့်​ စစ်ဆင်​ရေး​နှင့်​ ပတ်သက်ပြီး​ အထူး​စုံစမ်း​ရေး​ ​ကော်မရှင်တစ်ခု ဖွဲ့​စည်း​စေခဲ့​ကြောင်း​ သိရသည်။

ဝန်ကြီး​ချုပ် ဆိုင်ယက်ယူဆွတ်ရာဇာ ဂီလန်နီက အ​မေရိကန် အထူး​တပ်ဖွဲ့​များ​ ပါကစ္စတန်မြို့​၊​ အက်​ဘော့​တာဘက်သို့​ ဝင်​ရောက်ပြီး​ ဘင်လာဒင်ကို သတ်ဖြတ်ခဲ့​ခြင်း​အတွက် ​ ကော်မရှင်တစ်ရပ် ဖွဲ့​စည်း​စစ်​ဆေး​မည်ဟု အတည်ပြုခဲ့​သည်။ ​မေလဆန်း​က ဖြစ်ရပ်ကို ယခုအခါ ၅ ဦး​ပါ ​ကော်မရှင်က ​ထောက်လှမ်း​စုံစမ်း​သွား​မည်ဖြစ်သည်။

ဘင်လာဒင်အား​ သုတ်သင်သည့်​ စီမံကိန်း​နှင့်​ ပတ်သက်၍ အချက်အလက်များ​ ရှာ​ဖွေ​ဖော်ထုတ်မည့်​ ​ကော်မရှင်တွင် တရား​သူကြီး​ချုပ်​ဟောင်း​တစ်ဦး​၊​ စစ်ဗိုလ်ချုပ်​ ဟောင်း​တစ်ဦး​၊​ ရဲချုပ်​ဟောင်း​တစ်ဦး​၊​ သံအမတ်​ဟောင်း​တစ်ဦး​တို့​ ပါဝင်​နေသည်။ အဆိုပါ အဖွဲ့​သည် စစ်​ဆေး​တွေ့​ရှိမှုများ​ကို အစိုး​ရအဖွဲ့​သို့​ လျှို့​ဝှက်အစီရင်ခံ တင်ပြသွား​မည်ဖြစ်သည်။

ပါကစ္စတန်နှင့်​ အ​မေရိကန်တို့​သည် ဘင်လာဒင် ​သေဆုံး​မှု ဖြစ်ပွား​ပြီး​နောက်ပိုင်း​ နှစ်နိုင်ငံ ဆက်ဆံ​ရေး​ တစ်စထက်တစ်စ တင်း​မာလာခဲ့​သည်။ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ပါကစ္စတန်သို့​ ​ရောက်ရှိခဲ့​သည်။သူမက အ​မေရိကန်အစိုး​ရ ထိပ်ပိုင်း​အရာရှိများ​ သည် ပါကစ္စတန်တွင် ဘင်လာဒင် ခို​အောင်း​နေနိုင်သည်ကို ကြိုတင်သိရှိခဲ့​ကြောင်း​ ​ပြောဆိုခဲ့​ပြီး​ ပါကစ္စတန် ​ထောက်လှမ်း​ရေး​က ဘင်လာဒင်ကို ​ထောက်ပံ့​ပေး​နေသည့်​ ကွန်ရက်ကို ​ဖော်ထုတ်​ပေး​ခဲ့​ကြောင်း​ သတင်း​ထောက်များ​ကို ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here