အာနိုး​နှင့်​ ​ဖောက်ပြန်ခဲ့​သည့်​ အမျိုး​သမီး​၏ခင်ပွန်း​က တရား​စွဲရန် စီစဉ်​နေ

alt

၎င်းနှင့်​ တိတ်တိတ်ပုန်း​ က​လေး​တစ်ဦး​ ရရှိခဲ့​သည့်​ အမျိုး​သမီး​၏ ခင်ပွန်း​သည်က အာနိုး​ရှာဝါဇင်ဂျာကို တရား​စွဲရန် စီစဉ်​နေ​ကြောင်း​ သိရသည်။

ဇနီး​ဖြစ်သူက ကွာရှင်း​ရန် စီစဉ်မှု​ကြောင့်​ အခက်ကြံု​နေသည့်​ အာနိုး​အတွက် ပိုမိုဆိုး​ရွား​သော ထိုး​နှက်ချက်တစ်ခုလည်း​ ဖြစ်လာသည်။ Fox Newsက ကယ်လီဖိုး​နီး​ယား​ ပြည်နယ်အုပ်ချုပ်​ရေး​မှူး​ ဟောင်း​နှင့်​ ​ဟောလီး​ဝုဒ် မင်း​သား​ဖြစ်သူအား​ ရိုဂီလီယို​ဘေနာက တရား​စွဲ​တော့​မည်ဟု ​ဖော်ပြလိုက်သည်။

မ​မျှော်လင့်​သော ဖြစ်ရပ်များ​ကို သိရှိလာရပြီး​နောက် ​ဒေါသ​ ပေါက်ကွဲ​နေသည့်​ ​ဘေနာသည် အာနိုး​ကို တရား​စွဲမည်ဟု ကိုလံဘီယာ မဂ္ဂဇင်း​တစ်​စောင်သို့​ ဖွင့်​ဟခဲ့​သည်။ အာနိုး​နှင့်​ ၎င်း၏ အိမ်အကူဖြစ်ခဲ့​ပြီး​ လက်ရှိတွင် ​ဘေနာနှင့်​ ​ ပေါင်း​သင်း​နေ​သော အမျိုး​သမီး​တို့​ ရခဲ့​သည့်​ က​လေး​အတွက် အ​ရေး​ဆိုရန်လည်း​ ပါဝင်​နေသည်။

က​လေး​ကို မိမိ၏ က​လေး​အဖြစ် ​မွေး​စာရင်း​ အတုလုပ်ခဲ့​ခြင်း​အား​ အလွန်​ ဒေါသထွက်မိ​ကြောင်း​ ​ဘေနာက ​ပြောကြား​ခဲ့​သည်။ အာနိုး​သည် ​မေလဆန်း​က ၎င်းသည် ​နေအိမ်တွင် နှစ် ၂၀ မျှ တာဝန်ထမ်း​ဆောင်ခဲ့​သည့်​ မီဒရက်​ဘေနာနှင့်​ အသက် ၁၃ နှစ်အရွယ် က​လေး​တစ်ဦး​ ရရှိခဲ့​ကြောင်း​ ဖွင့်​ဟဝန်ခံခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here