ဇနီး​ဖြစ်သူ ရုပ်အ​လောင်း​ကို ​ရေခဲ​သေတ္တာထဲတွင် ၁၀ နှစ်ကြာ သိမ်း​ထား​ခဲ့​သည့်​ ဖြစ်ရပ်

alt

အ​မေရိကန် ရဲတပ်ဖွဲ့​သည် ဇနီး​ဖြစ်သူ၏ အ​လောင်း​ကို ​ရေခဲ​သေတ္တာထဲတွင် ၁၀နှစ်လုံး​လုံး​ သိမ်း​ထား​သူ တစ်ဦး​အား​ ၎င်း​သေဆုံး​ပြီး​မှ အဖြစ်မှန်ကို​ဖော်ထုတ်နိုင်ခဲ့​သည်။

ဇနီး​သည်နှင့်​ ပတ်သက်​သော အကျိုး​အမြတ်များ​ကို ဆက်လက်ခံစား​နိုင်ရန် သူမ၏ ​သေဆုံး​မှုကို ယခုလို ဖုံး​ကွယ်ခဲ့​ခြင်း​ဖြစ်သည်။ အသက် ၈၆ နှစ်ရှိ အလန်ဒန်း​သည် လွန်ခဲ့​သောနှစ် ဩဂုတ်လက မိမိကိုယ်ကိုယ် သတ်​သေသွား​ခဲ့​သည်။

ယခုအခါ ဆန်း​စီး​တီး​ ကွန်ဒိုရှိ ၎င်း​နေထိုင်ခဲ့​ရာ တိုက်ခန်း​ကို လာ​ရောက်ရှင်း​လင်း​သော အမျိုး​သမီး​က ​ရေခဲ​သေတ္တာအတွင်း​ ထည့်​ထား​သည့်​ အသက်ကြီး​ကြီး​ အမျိုး​သမီး​အ​လောင်း​ကို ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။

ဟေး​ဘ​ ရော့​ကောင်တီ ရဲတပ်ဖွဲ့​က မှုခင်း​ဆေး​ပညာရှင်များ​၏ အဆိုကို ကိုး​ကား​ပြီး​ အမျိုး​သမီး​သည် ၂၀၀၀ ပြည့်​နှစ် ဝန်း​ကျင်က သမား​ရိုး​ကျအတိုင်း​ သေဆုံး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ ကြေညာခဲ့​သည်။ ဒန်း​သည် ဇနီး​သည် ​သေဆုံး​ပြီး​နောက် သူမ၏ ရပိုင်ခွင့်​များ​ကို ဆက်လက်ရယူ သုံး​စွဲ​နေခဲ့​ခြင်း​ဟု ရဲတပ်ဖွဲ့​က ယူဆခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here