လစ်ဗျား​စစ်ပွဲများ​တွင် အစိုး​ရနှင့်​အတိုက်အခံ နှစ်ဖက်စလုံး​ စစ်ရာဇဝတ်မှုများ​ ကျူး​လွန်ခဲ့​

alt

လစ်ဗျား​ပဋိပက္ခတွင် နှစ်ဖက်စလုံး​မှ စစ်ရာဇဝတ်မှုများ​ ကျူး​လွန်ခဲ့​ကြောင်း​ ကုလသမဂ္ဂက ​ပြောကြား​လိုက်သည်။

အာဏာရှင် မူအမ်မာ ဂဒါဖီ၏ တပ်များ​ဖက်မှ​ရော၊​ အတိုက်အခံ ပြည်သူ့​စစ်များ​ ဖက်မှပါ စစ်ရာဇဝတ်မှုများ​ ပြုလုပ်ခဲ့​ကြောင်း​ ကုလသမဂ္ဂ၏ လူ့​အခွင့်​အ​ရေး​ ကျွမ်း​ကျင်သူများ​က ​လေ့​လာထုတ်ပြန်​သော ​ကြေညာချက်တွင် ပါရှိခဲ့​သည်။ NATOစစ်မဟာမိတ်တို့​က ​လေ​ကြောင်း​မှ ​နောက်ထပ် ရက်​ပေါင်း​ ၉၀ ထိုး​စစ်ဆင်ရန် ဆုံး​ဖြတ်ခဲ့​ပြီး​နောက် ကုလသမဂ္ဂ ​ကြေညာချက် ထွက်​ ပေါ်လာခြင်း​ဖြစ်သည်။

ဂျီနီဗာတွင် ဇွန်လ ၁ ရက်​နေ့​က ထုတ်ပြန်ခဲ့​သော ​ကြေညာချက်အတွင်း​ လူ့​အခွင့်​အ​ရေး​ ကျွမ်း​ကျင်သူ ၃ ဦး​၏ ​လေ့​လာ​တွေ့​ရှိချက်များ​ကို ​ဖော်ပြခဲ့​ ခြင်း​ဖြစ်သည်။ လစ်ဗျား​ အ​ရေး​တော်ပုံအတွက် အရှုပ်အ​ထွေး​များ​ ဖြစ်​ပေါ်​နေရာ နိုင်ငံသို့​ ကိုယ်တိုင်သွား​ရောက် ​လေ့​လာခဲ့​ပြီး​နောက် ​ဆေး​ဖက်ဆိုင်ရာ ဝန်ထမ်း​များ​၊​ ​ ဒေသခံ လူ့​အခွင့်​အ​ရေး​ လှုပ်ရှား​သူများ​၊​ ဖမ်း​ဆီး​ခံရသူများ​၏ မိသား​စုများ​နှင့်​ ​တွေ့​ဆုံခဲ့​ကြသည်။

လူ​ပေါင်း​ ၃၅၀ ​ကျော်ကို အင်တာဗျူး​ပြီး​နောက် အစိုး​ရဖက်မှ​ရော၊​ အတိုက်အခံများ​ဖက်မှပါ စစ်ရာဇဝတ်မှု​မြောက်​သော လုပ်ရပ်များ​ မဆင်မခြင် ကျူး​လွန်​နေ​ကြောင်း​ လူ့​အခွင့်​အ​ရေး​ ကျွမ်း​ကျင်သူများ​က ​ပြောကြား​လိုက်သည်။ လစ်ဗျား​တွင် ​လေ​ကြောင်း​ထိုး​စစ် ဆင်နွှဲမှုသည် ကုလသမဂ္ဂ၏ ဆုံး​ဖြတ်အတည်ပြုချက်အရ ပြင်သစ်၊​ ဗြိတိန်နှင့်​ အ​မေရိကန်တို့​က ဦး​ဆောင်ဆင်နွှဲ​နေခြင်း​ဖြစ်သည်။

NATO၏ ​လေ​ကြောင်း​တိုက်ခိုက်မှုသည် ဇွန်လ ၂၇ ရက်​နေ့​တွင် အပြီး​သတ်နိုင်ရန် ရည်ရွယ်ထား​သည်။ လစ်ဗျား​ကို တိုက်ခိုက်​သော စစ်ဆင်​ရေး​တွင် NATOနှင့်​အတူ အာရပ်နိုင်ငံများ​ဖြစ်​သော ​ဂျော်ဒန်၊​ ကာတာ၊​ UAEနှင့်​ ​မော်ရိုကိုတို့​လည်း​ ပါဝင်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here