အာနိုး​ရှဝါဇင်ဂျာက ဇနီး​ဖြစ်သူအား​ ​တောင်း​ပန်ညှိနှိုင်း​

alt

ဆိုး​ရွား​သော အိမ်​ထောင်​ရေး​ ​ဖောက်ဖျက်ခဲ့​မိမှုအတွက် အာနိုး​ရှာဝါဇင်ဂျာက ဇနီး​ဖြစ်သူအား​ ​တောင်း​ပန်ညှိနှိုင်း​မှုများ​ ပြုလုပ်ခဲ့​ကြောင်း​ သိရသည်။

ကယ်လီဖိုး​နီး​ယား​ ပြည်နယ်အုပ်ချုပ်​ရေး​မှူး​ဟောင်း​သည် ​နေအိမ်တွင် နှစ် ၂၀ ​ကျော်မျှ တာဝန်ထမ်း​ဆောင်ခဲ့​ဖူး​သော အမျိုး​သမီး​တစ်ဦး​နှင့်​ ​ဖောက်ပြန်ပြီး​ အသက် ၁၃ နှစ်အရွယ် သား​တစ်ဦး​ ရရှိထား​သည်။ အဆိုပါ ကိစ္စကို ဇနီး​ဖြစ်သူ မာရီယာ ရှရီဗာထံသို့​ ထုတ်​ဖော်ဝန်ခံခဲ့​ပြီး​နောက် မာရီယာက ခွင့်​မလွှတ်ဘဲ ကွာရှင်း​ရန် ​တောင်း​ဆိုခဲ့​ခြင်း​ဖြစ်သည်။

မာရီယာသည် အာနိုး​နှင့်​ လမ်း​ခွဲရန် ဆုံး​ဖြတ်လိုက်​ကြောင်း​ ​မေလဆန်း​က ထုတ်ပြန်​ကြေညာခဲ့​သည်။ ယခုအခါ သား​သမီး​ ၄ ဦး​ထိ ထွန်း​ကား​ခဲ့​ပြီး​ အိမ်​ထောင်သက် ၂၅ နှစ် သက်တမ်း​ထိ ရှိခဲ့​သော အိမ်​ထောင်​ရေး​ကို ထိန်း​သိမ်း​ရန် အာနိုး​က မာရီယာကို ​တောင်း​ပန်ခဲ့​ခြင်း​ဟု သိရသည်။

အာနိုး​၏ ဇာတ်ကား​သစ် The Governator အတွက် အာနိုး​၏ ဘဝဇာတ်​ကြောင်း​ကို ပုံ​ဖော်​ရေး​သား​ခဲ့​သူ အီယန်ဟယ်ပါရင်က ယင်း​ကိစ္စကို ဖွင့်​ဟခဲ့​ခြင်း​ဖြစ်သည်။ မာရီယာသည် လက်ရှိတွင် U2အဖွဲ့​မှ ဦး​ဆောင်အဆို​တော် ဘိုနိုနှင့်​ တွဲ​နေ​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here