ယီမင်တွင် ဆန္ဒပြသူများ​အား​ ရဲများ​က ပစ်ခတ်နှိမ်နင်း​သဖြင့်​ လူ ၂၀ ​ကျော်​သေဆုံး​

alt

ယီမင်တွင် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်က ဆန္ဒပြသူများ​ကို ရဲများ​က ပစ်ခတ်ရာမှ လူ ၂၀ ​ကျော် ​သေဆုံး​ခဲ့​ကြောင်း​ သိရသည်။

နိုင်ငံ​တောင်ပိုင်း​ တိုင်ယက်တွင် ဖြစ်ပွား​ခဲ့​ သော အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြသူများ​ကို ရဲနှင့်​ စစ်သား​များ​က အင်အား​သုံး​ ပစ်ခတ်ခဲ့​ခြင်း​ဟု ဆန္ဒပြမှု ဦး​ဆောင်သူများ​နှင့်​ ​ဆေး​တပ်ဖွဲ့​များ​ကဆိုသည်။ သမ္မတ အလီအက်ဘဒူလာ ဆာလား​သည် ဆန္ဒပြမှုများ​ လ​ပေါင်း​အတန်ငယ် ကြာလာသည့်​တိုင် ရာထူး​မှ နှုတ်ထွက်​ပေး​ရန် ငြင်း​ဆန်​နေသည့်​အတွက် ယီမင်၏ အ​ခြေအ​နေသည် ဆက်လက်တင်း​မာ​နေဆဲဖြစ်သည်။

တိုင်ယက်သည် ယီမင်တွင် ဆန္ဒပြမှုများ​ စတင်ခဲ့​သည့်​ မြို့​များ​အနက် အ​စောဆုံး​ တစ်ခုဖြစ်သည်။ ဆရာဝန် တစ်ဦး​ဖြစ်​သော အက်ဒူကာဒါ အယ်ဂန်နိတ်က ရဲများ​သည် ဆန္ဒပြသူများ​ကို ပစ်ခတ်ခဲ့​သလို ဆန္ဒပြသူများ​ စခန်း​ချ​နေသည့်​ ရွက်ဖျင်တဲများ​ကို မီး​ရှို့​ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ​မေလ ၂၉ ရက်​နေ့​က ပစ်ခတ်မှုများ​ ဖြစ်​ပေါ်ခဲ့​သလို ဆန္ဒပြသူများ​ စု​ဝေး​ရာ စခန်း​များ​ကို ဘူဒိုဇာဖြင့်​ ဖြိုချခဲ့​ကြောင်း​လည်း​ မျက်မြင်များ​ကဆိုသည်။

ယီမင်အစိုး​ရသည် နိုင်ငံတကာ ပိတ်ဆို့ ​မှုများ​ ခံ​နေရ​သော်လည်း​ ဆန္ဒပြသူများ​ကို အ​လျှော့​ပေး​ရန် ​ခေါင်း​မာမာနှင့်​ ငြင်း​ဆို​နေဆဲဖြစ်သည်။ နိုင်ငံ၏ မတည်ငြိမ်မှုကို အခွင့်​ကောင်း​ယူပြီး​ အယ်ကိုင်ဒါ အကြမ်း​ဖက် စစ်​သွေး​ကြွများ​ကလည်း​ အုံကြွလှုပ်ရှား​မှုများ​ ပြုလုပ်လာ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here