မုဒိမ်း​ကျင့်​ရန် ကြိုး​ပမ်း​သူ၏ လိင်အင်္ဂါအား​ အမျိုး​သမီး​က ဓား​ဖြင့်​ဖြတ်

alt

ဘင်္ဂလား​ဒေ့​ရှ် နိုင်ငံမှ အမျိုး​သမီး​ တစ်ဦး​သည် သူမကို မုဒိမ်း​ကျင့်​ရန် ကြိုး​ပမ်း​ခဲ့​သူ တစ်ဦး​၏ လိင်အင်္ဂါကို ဓား​ဖြင့်​ဖြတ်ပစ်ခဲ့​ကြောင်း​ သိရသည်။

ဂျာလာကာသီရှိ မာဇာပွာ​ ကျေး​ရွာတွင် သူမ၏ ​နေအိမ်အတွင်း​ ချဉ်း​နင်း​ဝင်​ရောက်ကာ မုဒိမ်း​ကျင့်​ရန် ကြိုး​ပမ်း​သူအား​ အသက် ၄၀ အရွယ် မွန်ဂျူဘီဂမ်က ခပ်ကြမ်း​ကြမ်း​ တုန့်​ပြန်လိုက်ခြင်း​ ဖြစ်သည်။ က​လေး​ ၃ ဦး​၏ မိခင်ဖြစ်​သော ဘီဂမ်သည် အဆိုပါ လူ့​အင်္ဂါ အစိတ်အပိုင်း​ကို ဖြတ်​တောက်ပြီး​နောက် ရဲထံသို့​ သက်​သေခံ ပစ္စည်း​အဖြစ် သွား​ရောက်ပြခဲ့​သည်။

သူမက အိမ်နီး​ချင်း​ဖြစ်သူ မိုဇမ်မယ်ဟက်မာဇီသည် သူမအား​ မဟား​ဒရား​ကျင့်​ကြံရန် ကြိုး​ပမ်း​ခဲ့​ကြောင်း​ တိုင်ကြား​ခဲ့​သည်။ မာဇီသည် မူလက ငြင်း​ဆိုခဲ့​သော်လည်း​ ​ဆေး​ ရုံသို့​ အလျင်အမြန် သွား​ရောက်ခဲ့​ရသည်။ ယခုအခါ မာဇီ၏ အ​ခြေအ​နေ သက်သာတိုး​တက်လာ​ကြောင်း​ ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ အရာရှိ အဘူ​ခေယာကဆိုသည်။ ဘီဂမ်သည် မာဇီအား​ တုန့်​ပြန်တိုက်ခိုက်ကာ ဓား​တစ်လက်ဖြင့်​ မာဇီ၏ လိင်အင်္ဂါကို ဖြတ်​တောက်ခဲ့​ခြင်း​ဖြစ်သည်။

ထိုသို့​လုပ်ခြင်း​သည် မာဇီက သူမကို မုဒိမ်း​ကျင့်​ရန် ကြိုး​စား​ခဲ့​ခြင်း​ကို သက်​သေပြရန်ဟုဆိုသည်။ သူမသည် ယခင်က မာဇီအား​ ထိုကဲ့​သို့​ အလား​တူ ကြိုး​ပမ်း​မှုအတွက် တိုင်ကြား​ခဲ့​သော်လည်း​ အ​ထောက်အထား​ မခိုင်လုံခဲ့​ သော​ကြောင့်​ မာဇီမှာ လွတ်​မြောက်သွား​သည်။ မာဇီကမူ မိမိနှင့်​ ဘီဂမ်တို့​မှ တိတ်တိတ်ပုန်း​ ဇာတ်ရှုပ်​နေပြီး​ မိမိက ဇနီး​နှင့်​ က​လေး​များ​ကို သစ္စာ​ဖောက်​နေရခြင်း​ကို ဆက်မလုပ်ချင်ဟု ​ပြောဆိုခဲ့​ရာမှာ ဘီဂမ်က ယခုလို လုပ်ခဲ့​ခြင်း​ဟု စွပ်စွဲထား​သည်။

ရှာအီဘန်ဂလာ ​ဆေး​ရုံမှ ပ​ရော်ဖက်ကဆာ ရှာဖူဇာမန်က ပြတ်သွား​သော လိင်အင်္ဂါကို ​ဆေး​ရုံအ​ရောက် ယူ​ဆောင်ခဲ့​သော်လည်း​ နာရီ​ပေါင်း​ အတန်ကြာ​နေပြီ ဖြစ်​နေသဖြင့်​ ပြန်ဆက်​ပေး​ရန် မဖြစ်နိုင်​တော့​ဟု ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here