သမီး​ဖြစ်သူ၏ အပျိုစင်ဘဝကို ​ရောင်း​စား​ခဲ့​သည့်​ မိခင်တစ်ဦး​ ​ထောင်ဒဏ် ၁၅ နှစ် ကျခံရဖွယ်ရှိ

alt

သမီး​ဖြစ်သူ၏ အပျိုရည်ကို ​ရောင်း​စား​ခဲ့​မှုအတွက် မိခင်တစ်ဦး​သည် ​ထောင်ဒဏ် ၁၅ နှစ် ကျခံရမည့်​ အ​ရေး​နှင့်​ ကြံု​နေရသည်။

ယူတား​ရှိ ​ဆော့​လိတ်စီး​တီး​မှ အမျိုး​သမီး​ သည် သူမ၏ အသက် ၁၃ နှစ်အရွယ် သမီး​လေး​၏ အပျိုရည်ကို လူတစ်ဦး​ထံ ​ဒေါ်လာ တစ်​သောင်း​ဖြင့်​ ​ရောင်း​ချရန် ကြိုး​စား​ခဲ့​သည်။ အသက် ၃၂ နှစ်ရှိ ဖီလီစီယာ ​ရေး​ မက်ကလူရာသည် ယူတား​ခရိုင် တရား​ရုံး​တွင် က​လေး​ငယ်ကို လိင်ပိုင်း​ဆိုင်ရာ မ​လျော်မကန် ပြုမူမှုဖြင့်​ တရား​စွဲဆို ခံထား​ရသည်။

ဒွန်အမည်ရှိ လူတစ်ဦး​အား​ သူမသည် ဖုန်း​မှ ဆက်သွယ်ပြီး​နောက် ၁၃ နှစ်အရွယ် သမီး​နှင့်​ လိင်ဆက်ဆံရန် ခွင့်​ပေး​မည်ဟု ​ဒေါ်လာ ၁၀၀၀၀ ဖြင့်​ ​ဈေး​တည့်​ခဲ့​ကြောင်း​ ရဲများ​ကဆိုသည်။ မိန်း​က​လေး​က မူလတွင် သူမသည် မိခင်ဖြစ်သူ၏ ဆန္ဒအတိုင်း​ လိုက်​လျောရန် စဉ်း​စား​ခဲ့သော်လည်း​ ​နောက်ပိုင်း​တွင် ယင်း​ကို ငြင်း​ဆန်ခဲ့​ကြောင်း​ ရဲများ​ထံ ​ပြောဆိုခဲ့​သည်။ ဖီလီစီယာသည် သမီး​ ဖြစ်သူကို အဝတ်ဆိုင် တစ်ခုသို့​ ​ခေါ်သွား​ကာ အဝတ်လဲခန်း​ တံခါး​ကို ဖွင့်​ပြပြီး​ သမီး​ဖြစ်သူ၏ ခန္ဓာကိုယ် အချိုး​အစား​ကို ဒွန်မြင်နိုင်ရန် တံခါး​ဖွင့်​ပြခဲ့​ကြောင်း​ သိရသည်။

ထို့​အပြင် မိန်း​က​လေး​၏ မ​လျော်မကန် ပုံများ​ကို လူတစ်ဦး​ထံ ပြသခဲ့​သေး​ကြောင်း​လည်း​ စွပ်စွဲခံထား​ရသည်။ လက်ရှိတွင် သူမသည် ​ဆော့​လိတ်စီး​တီး​ အကျဉ်း​ထောင်ထဲ ​ ရောက်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here