မိုနာကို​ဖော်မြူလာဝမ်း​ ကား​မောင်း​ပြိုင်ပွဲ ဆီဘက်စတီယန်ဗက်တဲ ဗိုလ်စွဲ

alt

မိုနာကို ​ဖော်မြူလာဝမ်း​ ကား​မောင်း​ပြိုင်ပွဲတွင် ဆီဘက်စတီယန် ဗက်တဲက ​အောင်ပွဲဆင်နိုင်ခဲ့​သည်။ ​

မေလ ၂၉ ရက်​နေ့​ ပြိုင်ပွဲတွင် ဖာနန်ဒို အလွန်ဆိုနှင့်​ ဂျန်ဆန်ဘာတန်တို့​အား​ ​ကျော်ဖြတ်ပြီး​ ဗက်တဲက ဗိုလ်စွဲခဲ့​ခြင်း​ဖြစ်သည်။ မိုနာကို ပြိုင်ကွင်း​တွင် ကား​မောင်း​သမား​ အ​တော်များ​များ​သည် ပွဲအပြီး​ထိ မယှဉ်ပြိုင်နိုင်ဘဲ နှုတ်ထွက်ခဲ့​ရသည်။ ချန်ပီယံဆုကို ကာကွယ်သူ ဗက်တဲသည် ယခုနှစ် ပြိုင်ပွဲ ၆ ခုတွင် ၅ ခုကို အနိုင်ယူခဲ့​ပြီး​ဖြစ်သည်။

တရုတ်တွင် လူး​ဝစ်ဟယ်မီတန်က ၎င်းအား​ ဖြတ်​ ကျော်ပြီး​ တစ်ကြိမ်သာ ဗိုလ်စွဲခဲ့​သည်။ ဂျာမန်သား​ ဗက်တဲသည် မိုနာကိုပြိုင်ကွင်း​ ​နောက်ဆုံး​ ၁၅ ပတ်တွင် အလွန်ဆို​ရော၊​ ဘာတန်နှင့်​ပါ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့​ရသည်။ အပတ်​ရေအမှတ် ရ၂ တွင် ယာဉ်တိုက်မှု တစ်ခု​ကြောင့်​ အလံနီပြပြီး​နောက် ​နောက်မှပြိုင်ဖက်များ​နှင့်​ ပြန်ကပ်သွား​သော်လည်း​ ဗက်တဲသည် ဦး​ဆောင်မှုကို အဆုံး​ရှံုး​ မခံ​ အောင် ကြိုး​စား​မောင်း​နှင်ပြီး​နောက် ​အောင်လံကို ဆွတ်ခူး​နိုင်ခဲ့​သည်။

ဗက်တဲသည် ​ပြေး​လမ်း​ပြန်ပွင့်​သည်နှင့်​ အ​ခြေအ​နေဆိုး​နေ​သော တာရာကို Pitstopမရပ်နား​ဘဲ လဲလှယ်နိုင်ခဲ့​ပြီး​ ​နောက်ဆုံး​ကျန်ရှိ​သော အပတ်​ရေကို အ​ကောင်း​ဆုံး​ ​မောင်း​နှင်သွား​နိုင်ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here