အိမ်သာထဲတွင် သီချင်း​ရေး​ခဲ့​ဖူး​သည့်​ ​တေလာဆွစ်

alt

​တေလာဆွစ်သည် သီချင်း​တစ်ပုဒ်ကို အိမ်သာထဲတွင်ပင် ​ရေး​ခဲ့​ဖူး​ကြောင်း​ သိရသည်။

အသက် ၂၁ နှစ်ရှိ အဆို​တော်မ​လေး​သည် သီချင်း​အဆို​ကောင်း​သလို သီချင်း​ရေး​ ရာတွင်လည်း ​ ထူး​ချွန်သူအဖြစ် ပရိသတ်များ​က အသိအမှတ် ပြုထား​ပြီး​ဖြစ်သည်။ သို့​သော် သူမသည် ကြံုရာ​နေရာတွင် စိတ်ကူး​ပေါ်သည်နှင့်​ သီချင်း​ရေး​နိုင်စွမ်း​ရှိသူ တစ်ဦး​ဆိုခြင်း​ကိုမူ သတိပြုမိကြမည် မဟုတ်​ပေ။

သူမသည် မက်ဒရစ် ​လေဆိပ်တွင် ရှိ​နေစဉ် အ​တွေး​တစ်ခု ​ပေါ်လာပြီး​နောက် အိမ်သာသို့​ ချက်ချင်း​ပြေး​ကာ အကြမ်း​သုံး​ စက္ကူတစ်ရွက်တွင် ​ဘောပင်ဖြင့်​ သီချင်း​စာသား​များ​ ချ​ရေး​ခဲ့​ကြောင်း​ ဆွစ်က ​ပြောကြား​ခဲ့​သည်။

Countryဂီတ သီချင်း​များ​ကို သီဆိုရင်း​ ဂရမ်မီဆုများ​စွာ ရရှိခဲ့​သည့်​ လူငယ်အဆို ​တော် မ​လေး​က သူမစီစဉ်​နေသည့်​ စတုတ္ထ​မြောက် တစ်ကိုယ်​တော် အယ်ဘမ်သစ်တွင် အဆိုပါ သီချင်း​ကို ထည့်​သွင်း​ရန် စဉ်း​စား​လျက်ရှိ​ကြောင်း​ ​ပြောကြား​ ခဲ့​သည်။ သီချင်း​၏ အမည်ကိုမူ မစဉ်း​စား​ရ​သေး​ဟုလည်း​ ဆွစ်က ထုတ်​ဖော်​ပြောဆိုသွား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here