အာဖဂန်နစ္စတန်တွင် အရပ်သား​များ​အား​ မှား​ယွင်း​​ပစ်ခတ်မှုအတွက် NATO ​တောင်း​ပန်

alt

မှား​ယွင်း​ပစ်ခတ်မှု​ကြောင့်​ အာဖဂန်နစ္စတန် အရပ်သား​များ​ ​သေဆုံး​ခဲ့​ခြင်း​အ​ပေါ် NATOစစ်မဟာမိတ် တပ်ဖွဲ့​က ​တောင်း​ပန်​ပြောကြား​လိုက်သည်။

​မေလ ၂၈ ရက်​နေ့​တွင် အာဖဂန် အ​နောက်​တောင်ပိုင်း​တွင် ​လေ​ကြောင်း​မှ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့​ရာ အာဖဂန် အရပ်သား​ ၁၄ ဦး​ ​သေဆုံး​သွား​ခဲ့​သည်။ NATOစစ်ဖက် ထိပ်တန်း​အရာရှိ တစ်ဦး​က ယခုဖြစ်ရပ်အတွက် အလွန်ဝမ်း​နည်း​ကြောင်း​၊​ ယင်း​သည် ဆိုး​ရွား​သော အမှား​တစ်ခုဖြစ်​ကြောင်း​ ဝန်ချ​တောင်း​ပန်သွား​သည်။ ဟယ်မန်တွင် ဖြစ်ပျက်ခဲ့​သည့်​ အဆိုပါ မှား​ယွင်း​တိုက်ခိုက်မှုကို အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်း​ကလည်း​ ရှုတ်ချလိုက်သည်။

အ​မေရိကန် အစိုး​ရ ရုံး​ထိုင်ရာ အိမ်ဖြူ​တော်က ကာဇိုင်း​၏ အဆိုကို ​ ထောက်ခံပြီး​ ယခုကိစ္စသည် စိတ်ပျက်ဖွယ် လုပ်ရပ်ဟု ဝန်ခံသွား​သည်။ NATOပူး​ပေါင်း​စစ်ဆင်​ရေး​ တပ်ဖွဲ့​မှ ဗိုလ်ချုပ် ​ဒေး​ဗစ်ပီထရာရက်က ယခုအမှား​အတွက် အာဖဂန် အစိုး​ရနှင့်​ ပြည်သူများ​ကို ​တောင်း​ပန်​ကြောင်း​ ​ပြောဆိုခဲ့​သည်။

အာဖဂန် အာဏာပိုင်များ​က ​သေဆုံး​သူများ​မှာ က​လေး​ ၁၂ ဦး​နှင့်​ အမျိုး​သမီး​ ၂ ဦး​တို့​ဖြစ်​ကြောင်း​ ​ ပြောဆိုခဲ့​သည်။ ဆာရာကာလာ ​ကျေး​ရွာမှ ဟယ်မန်​ဒေသ၏ မြို့​တော်ဖြစ်​သော လက်ရှကာဂါး​ကို ဦး​တည်သွား​နေစဉ် ​လေယာဉ်မှ ပစ်ခတ်ခဲ့​ခြင်း​ဖြစ်သည်။ NATOက အရပ်သား​များ​ကို တာလီဘန် စစ်​သွေး​ကြွများ​နှင့်​ မှား​ယွင်း​ပစ်ခတ်ခဲ့​မိ​ကြောင်း​ ဝန်ခံ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here