ဂျက်စတင်ဘီဘာပရိသတ်တစ်ဦး​က ဆယ်လီနာဂိုမက်စ်အား​ ခြိမ်း​ခြောက်

alt

ဂျက်စတင်ဘီဘာနှင့်​ တွဲ​နေခြင်း​အတွက် အသတ်ခံရမည်ဟု ဆယ်လီနာဂိုမက်စ်အား​ အစွန်း​ရောက် ဘီဘာပရိသတ် တစ်ဦး​က ခြိမ်း​ခြောက်ခဲ့​ကြောင်း​ သိရသည်။

အသက် ၁၇ နှစ်ရှိ ဘီဘာနှင့်​ ၁၈ နှစ်အရွယ် ဆယ်လီနာတို့​သည် ဟာဝိုင်အီတွင် အ​ပျော်ခရီး​ ထွက်​နေပြီး​နောက် ဘီဘာကို တန်း​တန်း​စွဲ နှစ်သက်သည့်​ အမျိုး​သမီး​ ပရိသတ် တစ်ဦး​က အဆို​တော်မ​လေး​ထံ ယခုလို ခြိမ်း​ခြောက်စာ ​ပေး​ပို့​ခဲ့​ခြင်း​ဖြစ်သည်။ Twitterမှတဆင့်​ ​ရေး​သား​ခဲ့​သော စာအတွင်း​ ဘီဘာနှင့်​ ​ဝေး​ဝေး​မ​နေပါက အသတ်ခံရမည်ဟု ဆယ်လီနာအား​ အဆိုပါ ပရိသတ်က ခြိမ်း​ခြောက်ထား​သည်။

ဆယ်လီနာနှင့်​ ဘီဘာတို့​သည် ယင်း​တို့​၏ အချစ်​ရေး​ကို ကာလရှည်ကြာစွာ ဖုံး​ ကွယ်ထား​သော်လည်း​ ပြီး​ခဲ့​သည့်​ တစ်လခန့်​မှစပြီး​ ​ပေါ်​ပေါ်ထင်ထင်ပင် တွဲ​နေခဲ့​သည်။ ဘီဘာသည် ကမ္ဘာ​ပေါ်တွင် အမျိုး​သမီး​ ပရိသတ် အများ​ဆုံး​ ရရှိထား​သည့်​ အနုပညာရှင် တစ်ဦး​ဖြစ်ရာ ယင်း​၏ ရိုက်ခတ်မှု အကျိုး​ဆက်ကို ဆယ်လီနာတစ်​ယောက် ကြီး​ကြီး​မား​မား​ ခံစား​နေရခြင်း​ဖြစ်သည်။

ဘီဘာ၏ ပရိသတ် တစ်ဦး​က ဆယ်လီနာကိုမုန်း​ကြောင်း​ Pageတစ်ခုဖွင့်​ခဲ့​ရာ လူ​ပေါင်း​ ၂၀၀၀ ​ကျော်က Facebookတွင် ​ထောက်ခံခဲ့​ကြသည်။ ထို့​အပြင် အခြား​အမျိုး​သမီး​ တစ်ဦး​ကလည်း​ ဆယ်လီနာသာ ဘီဘာကို အသည်း​ခွဲခဲ့​ပါက အရှင်ထား​မည်မဟုတ်ဟု ကြိမ်း​ဝါး​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here