လစ်ဗျား​ခေါင်း​ဆောင်​ဂဒါဖီနှင့်​ ​တောင်အာဖရိကသမ္မတတို့​ ​တွေ့​ဆုံ​ဆွေး​နွေး​

alt

လစ်ဗျား​ခေါင်း​ဆောင် မူအမ်မာ ဂဒါဖီသည် ​တောင်အာဖရိက သမ္မတ ဂျက်​ကော့​ဇူး​မား​နှင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​နောက် အာဖရိက ယူနီယံက ​စေ့​စပ်​ပေး​သည့်​ အပစ်အခတ် ရပ်စဲမှုကို သ​ဘောတူညီလိုက်​ကြောင်း​ သိရသည်။ ​

မြောက်ပိုင်း​အာဖရိကရှိ ပြည်တွင်း​စစ် ဖြစ်​နေ​သော နိုင်ငံသို့​ ဇူး​မား​က အာဖရိက ယူနီယံကို ကိုယ်စား​ပြုပြီး​ လာ​ရောက်ခဲ့​ ခြင်း​ဖြစ်သည်။ ဇူး​မား​သည် ထရီပိုလီသို့​ ​ရောက်ရှိခဲ့​ပြီး​နောက် ဂဒါဖီနှင့်​ ​တွေ့​ဆုံခဲ့​သည်။

ဂဒါဖီသည် NATO​လေတပ်၏ ပြင်း​ပြင်း​ထန်ထန် ဗုံး​ကြဲမှုများ​အတွင်း​ ဒဏ်ရာရထား​ကြောင်း​ ​ကောလဟာလများ​ ထွက်​ပေါ်ခဲ့​သော်လည်း​ ဇူး​မား​နှင့်​ ​တွေ့​ဆုံချိန်အတွင်း​ ကျန်း​ကျန်း​မာမာပင် ရှိ​နေခဲ့​သည်။

ဇူး​မား​က ဂဒါဖီသည် အာဖရိက ယူနီယံ၏ ငြိမ်း​ချမ်း​ရေး​အတွက် ကြား​ဝင်​သော အစီအမံကို လက်ခံရန် အသင့်​ရှိသည်ဟု ကတိပြုခဲ့​ကြောင်း​ ​ကြေညာသွား​သည်။ ဇူး​မား​သည် အတိုက်အခံ တပ်ဖွဲ့​များ​ ကိုလည်း​ အပစ်အခတ် ရပ်စဲ​ရေး​အတွက် ဦး​ဆောင်တိုက်တွန်း​ရန် ကြိုး​ပမ်း​သွား​မည်ဟုဆိုသည်။ အကယ်၍ အာဖရိက ယူနီယံ၏ ကြား​ဝင်မှု ​အောင်မြင်ခဲ့​ပါက NATOက ဗုံး​ ကြဲတိုက်ခိုက်​နေမှုများ​လည်း​ ရပ်ဆိုင်း​သွား​မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here