အမျိုး​သား​များ​ ​လေး​ကန်ထိုင်း​မှိုင်း​စွာ​နေထိုင်ပါက ဆွဲ​ဆောင်မှုပိုရှိ

alt

အမျိုး​သား​များ​အ​နေနှင့်​ ​လေး​လေး​ကန်ကန် ထိုင်း​ထိုင်း​မှိုင်း​မှိုင်း​ ​နေထိုင်ပါက ပိုမိုဆွဲ​ဆောင်မှု ရှိ​နေတတ်​ကြောင်း​ သု​တေသန စစ်တမ်း​တစ်ခုကဆိုသည်။

၎င်းတို့​အ​နေနှင့်​ ပြံုး​ပြံုး​ရွှင်ရွှင် ​နေခြင်း​ကို လျစ်လျူရှုသင့်​သည်ဟု ယင်း​စစ်တမ်း​ကဆိုသည်။ တစ်ဖက်တွင်မူ အဆိုပါ အကြံပြုချက်ကို အမျိုး​သမီး​များ​အ​နေနှင့်​ ​ပြောင်း​ပြန်လိုက်နာရ​ပေမည်။ ပြံုး​ပျော်ရွှင်မြူး​နေသည့်​ မိန်း​က​လေး​များ​သည် ဆန့်​ကျင်ဖက်ကို ပိုမိုဆွဲ​ဆောင်တတ်​ကြောင်း​ က​နေဒါ သု​တေသီများ​က ​တွေ့​ရှိခဲ့​သည်။ ရွှင်ပြ​နေ​သော အမျိုး​သား​များ​သည် လိင်ပိုင်း​ဆိုင်ရာ နှိုး​ဆော်ဆွဲ​ဆောင်မှု ​လျော့​နည်း​လေ့​ရှိပြီး​ အမျိုး​သမီး​များ​တွင်လည်း​ သုန်သုန်မှုန်မှုန် ဖြစ်​နေသူများ​ကို အမျိုး​သား​ အများ​စုက သ​ဘောမ​တွေ့​ဟုဆိုသည်။

ခပ်​ပျော်​ပျော်​နေတတ်​သော အမျိုး​သား​များ​ကို အမျိုး​သမီး​များ​က လိင်နှင့်​ဆိုင်​သော စိတ်လှုပ်ရှား​မှုမျိုး​ မရှိတတ်​ကြောင်း​ ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်မှ သု​တေသီ ဂျက်ဆီကာ ထ​ရေစီက ရှင်း​ပြခဲ့​သည်။ ပ​ရော်ဖက်ဆာ တစ်ဦး​ဖြစ်​သော ထ​ရေစီက အမျိုး​သား​များ​ အ​နေနှင့်​မူ တည်တည်ငြိမ်ငြိမ် သိုသိုသိပ်သိပ် ဖြစ်​နေခြင်း​ထက် ပြံုး​ရွှင်​နေ​သော အမျိုး​သမီး​တစ်ဦး​ကို ပိုမို​တောင့်​တ လိုလား​ကြောင်း​ဆိုသည်။

သု​တေသီများ​က ထိုကဲ့​သို့​ အမျိုး​သမီး​နှင့်​ အမျိုး​သား​ သက်​ရောက်မှု ကွာခြား​ပုံကို ရှင်း​ရှင်း​လင်း​လင်း​ မ​ဖော်ထုတ်နိုင်​သေး​ကြောင်း​ ဝန်ခံခဲ့​သည်။ ၎င်းတို့​က ဆန့်​ကျင်ဖက်လိင်ကို ဆွဲ​ဆောင်နိုင်စွမ်း​တွင် ကိုယ်အမူအရာ၏ သက်​ရောက်မှုသည် အ​တော်အတန် အ​ရေး​ပါ​သော ကဏ္ဍတွင် ရှိ​နေ​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here