ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး​ ​ကြေး​စား​လူသတ်သမား​

alt

က ​လေး​အ​မေ တစ်ဦး​အား​ ​ပေါင်စတာလင် ၂၀၀ ယူကာ ပစ်သတ်ခဲ့​ပြီး​နောက် ဆန်ထရီဆန်ချက်​ဂေး​သည် ဗြိတိန်၏ အသက်အငယ်ဆုံး​ ​ကြေး​စား​လူသတ်သမား​ ဖြစ်လာသည်။

၎င်းသည် အသက် ၂၆ နှစ်ရှိ ဂွီစတန်ဆူဘာစီကို ​ပြောင်း​တို​သေနတ် တစ်လက်ဖြင့်​ ပစ်သတ်ခဲ့​သည်။ ဒုစရိုက်ဂိုဏ်း​သား​ တစ်ဦး​ဟု ယူဆရ​သော ​ဂေး​သည် ယခုကဲ့​သို့​ ရာဇဝတ်မှုများ​ကို ​ထောင်ထဲ​ရောက်​နေသည့်​ ဖ​အေတူမ​အေကွဲ အစ်ကိုနှစ်ဦး​ထံမှ ဆက်စပ်မိလာခြင်း​ဟု သုံး​သပ်ခဲ့​သည်။ ​ဂေး​သည် Riotဟူ​သော နာမည်ဝှက်ဖြင့်​ လူသိများ​သူဟု အိုး​ဘေလီရှိ တရား​သူကြီး​ တစ်ဦး​က ​ပြောကြား​ခဲ့​သည်။ ၎င်းအား​ ဆန်ထရီ၏ တူရကီလူမျိုး​ ခင်ပွန်း​ဟောင်း​က ငှား​ရမ်း​ခဲ့​ပြီး​ အမျိုး​သမီး​ကို လုပ်ကြံ​စေခဲ့​ ခြင်း​ဖြစ်သည်။

ပြီး ​ခဲ့​သည့်​နှစ် မတ်လ ၂၂ ရက်​နေ့​က ဆယ်​ကျော်သက် တစ်ဦး​သည် ဆန်ထရီ၏ တိုက်ခန်း​သို့​ သွား​ရောက်ခဲ့​သည်ကို လုံခြံု​ရေး​ ကင်မရာက မှတ်တမ်း​ တင်ထား ​ခဲ့​သည်။ ၎င်းသည် တံခါး​ခေါက်ပြီး​ အမျိုး​သမီး​ တံခါး​လာဖွင့်​ချိန်တွင် ​သေနတ်ဆွဲကာ အိမ်ထဲဝင်သွား​သည်ကို ကင်မရာက ရိုက်ယူခဲ့​သည်။

ယခုအခါ အသက် ၁၆ နှစ် ရှိ​နေပြီဖြစ်​သော လူသတ်သမား​သည် ရရှိလာသည့်​ ​ငွေများ​ကို အဝတ်အစား​ ဝယ်ယူပြီး​ Gucciတံဆိပ်ကို တုပထား​သည့်​ ဦး​ထုပ်တစ်လုံး​ ဝယ်ယူရန် အသုံး​ပြုခဲ့​ သည်ဟုဆိုသည်။ ​ဂေး​သည် လူသတ်မှုအတွက် ပြစ်မှုထင်ရှား​သည့်​အတွက် ​မေလ ၂၄ ရက်​နေ့​တွင် ​ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း​ ခံလိုက်ရ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here