ပါကစ္စတန်ရှိ တပ်ဖွဲ့​အချို့​ ပြန်လည်ရုတ်သိမ်း​မည်ဟု အ​မေရိကန်​ပြောကြား​

alt

ပါကစ္စတန်တွင် အ​ခြေစိုက် တာဝန်ထမ်း​ဆောင်​နေ​သော အ​မေရိကန်စစ်သည် အချို့​ကို ပြန်လည်ရုတ်သိမ်း​မည်ဟု အ​မေရိကန် အစိုး​ရက အတည်ပြု ​ပြောကြား​လိုက်သည်။

ပင်တဂွန် စစ်ဌာနချုပ်က ပါကစ္စတန်သို့​ သွား​ရောက်ပြီး​ အစိုး​ရတပ်များ​ကို ​လေ့​ကျင့်​ခန်း​ပေး​ခြင်း​၊​ စစ်ဖက်ဆိုင်ရာ အကြံ​ပေး​ခြင်း​များ​ ပြုလုပ်​နေ​သော အ​မေရိကန်စစ်သည် ၂၀၀ ​ကျော်အနက် အချို့​ကို ပြန်လည်​ခေါ်ယူမည်ဟု ​ကြေညာခဲ့​သည်။

ယခုကဲ့​သို့​ တပ်ဖွဲ့​ဝင်အချို့​ ပြန်ရုတ်သိမ်း​ခြင်း​မှာ ပါကစ္စတန် အစိုး​ရ၏ ​တောင်း​ဆိုမှု​ကြောင့်​လည်း​ဖြစ်​ကြောင်း​ သိရသည်။ အ​မေရိကန် တပ်ဖွဲ့​များ​က တာလီဘန် အကြမ်း​ဖက် ​ခေါင်း​ဆောင်ကြီး​ အိုစမာ ဘင်လာဒင်အား​ ပါကစ္စတန်​မြေတွင် စစ်ဆင်​ရေး​တစ်ခု ဆင်နွှဲကာ ဝင်​ရောက်သတ်ဖြတ်ခဲ့​ပြီး​နောက် မဟာမိတ်နှစ်နိုင်ငံ ဆက်ဆံ​ရေး​သည် တစ်စထက်တစ်စ ယိုယွင်း​လာခဲ့​သည်။

ယခုကဲ့​သို့​ အ​မေရိကန် တပ်ဖွဲ့​ဝင်အချို့​ ပါကစ္စတန်မှ ပြန်လည်ထွက်ခွာခြင်း​ကြောင့်​ ယင်း​နိုင်ငံတွင် အ​မေရိကန်၏ အကြမ်း​ဖက်မှု တိုက်ဖျက်​ရေး​ဆိုင်ရာ ​ထောက်လှမ်း​ရေး​ လုပ်ငန်း​များ​တွင် သက်​ရောက်နိုင်မှု ရှိမရှိ မသိရ​သေး​ပေ။

ပါကစ္စတန် ဝန်ကြီး​ချှုပ် ယူဆွတ်ရာဇာဂီလန်နီသည် အ​မေရိကန်၏ ပြိုင်ဖက် တရုတ်သို့​ သွား​ရောက်ကာ တိုက်​လေယာဉ်များ​ ဝယ်ယူ​ရေး​ ​ဆွေး​နွေး​ခဲ့​မှုက အ​မေရိကန်နှင့်​ ပါကစ္စတန်ကြား​ အကြိတ်အခဲကို ပိုမိုထင်ဟပ်လာ​စေ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here