ကမ္ဘာပျက်မည့်​နေ့​မှာ အနည်း​ငယ်​​နောက်ဆုတ်သွား​ခြင်း​​သာဖြစ်ဟုဆို

alt

ကမ္ဘာပျက်မည့်​နေ့​ကို တလွဲတ​ချော် ခန့်​မှန်း​ခဲ့​သော အ​မေရိကန် ခရစ်ယာန် တရား​ဟော ဆရာတစ်ဦး​က ကမ္ဘာပျက်မည့်​နေ့​သည် အနည်း​ငယ် ​နောက်ဆုတ်သွား​ခြင်း​သာဖြစ်​ကြောင်း​ ထပ်မံ​ပြောဆိုလိုက်သည်။

​မေလ ၂၁ ရက်​နေ့​တွင် အဆုံး​အဖြတ်​နေ့​ခေါ် ကမ္ဘာပျက်မည့်​နေ့​ ကျ​ရောက်မည်ဟု ​ကြွေး​ကြော်ခဲ့​သည့်​ အသက် ၈၉ နှစ်ရှိ ဟာရိုး​ကမ်း​ပင်း​က Raptureဟု ၎င်းသုံး​နှုန်း​ခဲ့​သော ကမ္ဘာပျက်​နေ့​သည် ​နောက် ၅ လအကြာတွင် ဖြစ်လာမည်ဟု ​ကြေညာခံသည်။ ​

အောက်တိုဘာ ၂၁ ရက်​နေ့​တွင် တစ်ကမ္ဘာလုံး​ ပြင်း​အား​အဆင့်​ ၆.၀ ရှိ​သော ငလျင်များ​ လှုပ်ခတ်ပြီး​နောက် ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည်မှု မရှိသူများ​ ကပ်​ဘေး​သင့်​လိမ့်​မည်ဟု ကမ်း​ပင်း​ကဆိုသည်။ ဘုရား​သခင်သည် ဆိုး​ရွား​လှ​သော ဒုက္ခဆိုး​ကို ထို​နေ့​တွင် ကမ္ဘာ​မြေသို့​ ​စေလွှတ်မည်ဟု ယင်း​က ဆက်လက်​ပြောဆိုခဲ့​သည်။

ကမ်း​ပင်း​သည် ထိုကဲ့​သို့​ ​ဟောကိန်း​မျိုး​ကို ယခင်ကလည်း​ ခပ်တည်တည် ထုတ်ပြန်ခဲ့​ပြီး​ အကြီး​အကျယ် လွဲ​ချော်ခဲ့​ဖူး​သည်။ ၁၉၉၀ ပြည့်​လွန်နှစ်များ​တွင် ၎င်းသည် ၁၉၉၄ ဆို​သော စာအုပ်ကို ​ရေး​သား​ခဲ့​ပြီး​ ၁၉၉၄ ခုနှစ်တွင် ကမ္ဘာကြီး​ ပျက်စီး​တော့​မည်ဟူ၍ အတိအလင်း​ ​ရေး​သား​ခဲ့​ဖူး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here