Lion King ကာတွန်း​ဇာတ်ကား​ကို 3Dဖြင့်​ ပြန်လည်ဆန်း​သစ်မည်

alt

ကမ္ဘာ​ကျော် Lion King ကာတွန်း​ဇာတ်ကား​ကို 3Dဖြင့်​ ပြန်လည်ဆန်း​သစ် ထုတ်​ဝေမည်ဟုသိရသည်။

စက်တင်ဘာလအတွင်း​ Walt Disney၏ နာမည်​ကျော် ကာတွန်း​ကို 3Dဖြင့်​ ဆန်း​သစ်ထား​မှုအား​ အ​မေရိကန်တွင် ၂ ပတ်ကြာ ရုံတင်ပြသမည်ဟု နာမည်​ကျော် ဖျော်​ဖြေ​ရေး​ ကုမ္ပဏီကြီး​ကဆိုသည်။ စက်တင်ဘာ ၁၆ ရက်​နေ့​တွင် ​အော်စကာနှင့်​ ရွှေကမ္ဘာလုံး​ဆုရ ကာတွန်း​ဇာတ်ကား​ကို အမြင်ဆန်း​ဆန်း​ဖြင့်​ ပြန်လည်ခံစား​ရမည်ဟု Walt Disneyက ကြေညာခဲ့​သည်။

Lion Kingသည် ယခုအချိန်ထိ ​နေအိမ်တွင် ​ဖျော်​ဖြေ​ရေး​ကဏ္ဍအတွက် ဝယ်ယူခြင်း​ ခံရမှု အများ​ပြား​ဆုံး​ ဇာတ်ကား​အဖြစ် စံချိန်တင်ထား​သည်။ ၁၉၉၄ ခုနှစ်ထုတ် ဇာတ်ကား​သည် မည်သည့်​အခါမျှ ​သေဆုံး​သွား​မည် မဟုတ်ဟု Walt Disney၏ ဖြန့်​ချီ​ရေး​ဌာန ဥက္ကဌကြီး​ ​ဘော့​ချာပက်က ​ပြောကြား​ခဲ့​သည်။

Lion King ဇာတ်ကား​တွင် အယ်တန်ဂျွန်၊​ တင်ရိုက်စ်၊​ ဟန်း​ဇင်မာတို့​က အသံဖြင့်​ သရုပ်​ဆောင်​ပေး​ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here