မ​လေး​ရှား​​ဒုက္ခသည်စခန်း​​များ​မှ လူ​ပေါင်း​ ၆၀၀၀ ​ကျော် နှစ်စဉ် ကြိမ်ဒဏ်ချမှတ်

alt

မ​လေး​ရှား​နိုင်ငံရှိ ဒုက္ခသည် စခန်း​များ​တွင် က​လေး​များ​အပါအဝင် ဒုက္ခသည် ၆၀၀၀ ​ကျော်မျှသည် နှစ်စဉ်နှစ်တိုင်း​ ကြိမ်ဒဏ်ချမှတ်ခြင်း​ ခံ​နေရ​ကြောင်း​ နိုင်ငံတကာ လွတ်ငြိမ်း​ချမ်း​သာခွင့်​အဖွဲ့​က ​ပြောကြား​လိုက်သည်။

မ​လေး​ရှား​ရှိ ဒုက္ခသည် စခန်း​များ​သည် လူထူထပ်ပြီး​ အလွန်ညစ်ပတ်​နေ​ကြောင်း​ ဩစ​တြေး​လျထုတ် Daily Telegraphက ​ဖော်ပြခဲ့​သည်။ ထိုစခန်း​များ​တွင် ​မွေး​ကင်း​စ က​လေး​များ​သည် ကြွက်ကဲ့​သို့​ တိရစ္ဆာန်များ​မှ ကူး​စက်​သော ​ရောဂါများ​ကြောင့်​ ​သေဆုံး​နေ​ကြောင်း​ သတင်း​စာက ​ဖော်ပြခဲ့​သည်။ နိုင်ငံတကာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အဖွဲ့​မှ ​ဒေါက်တာဂ​ရေဟမ်သွမ်း​သည် မ​လေး​ရှား​ရှိ ဒုက္ခသည်စခန်း​ ၃ ခုသို့​ ပြီး​ခဲ့​သည့်​နှစ်က သွား​ရောက်ခဲ့​သည်။

၎င်းသည် အမျိုး​သမီး​များ​နှင့်​ က​လေး​များ​ကို ​လှောင်အိမ်သဖွယ် ​နေရာများ​တွင် ထည့်​သွင်း​ထား​ပြီး​ အလွန်​ပေ​ရေ​နေသူ ရာနှင့်​ချီ စုရုံး​နေသည့်​ ကွာလာလမ်ပူ ဒုက္ခသည်စခန်း​ တစ်ခုမှ ဓာတ်ပုံများ​ကို တင်ပြခဲ့​သည်။

အခြား​သော စခန်း​များ​တွင်လည်း​ အလား​တူ အ​ခြေအ​နေမျိုး​ပင် ဖြစ်​နေ​ကြောင်း​ ​ဒေါက်တာဂ​ရေဟမ်ကဆိုသည်။ ထို့​အပြင် ဒုက္ခသည်များ​ကို ပြင်း​ပြင်း​ထန်ထန် ကြိမ်ဒဏ်ချမှတ်မှုများ​ ရှိ​နေ​ကြောင်း​လည်း​ ၎င်းက ​ပြောကြား​သွား​ခဲ့​သည်။ မ​လေး​ရှား​တွင် အနီး​အနား​ရှိ အိမ်နီး​ချင်း​နိုင်ငံများ​မှ ထွက်​ပြေး​လာသူ ဆင်း​ရဲနွမ်း​ပါး​သည့်​ ဒုက္ခသည် အ​မြောက်အမြား​ ခိုလှံု​နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here