ယီမင်နိုင်ငံမှ သံတမန်အရာရှိအချို့​အား​ အ​မေရိကန်ပြန်လည်​ခေါ်ယူ

alt

အ​မေရိကန်နိုင်ငံက ယီမင်မှ သံတမန်​ရေး​ရာ အရာရှိအချို့​အား​ ပြန်လည်​ခေါ်ယူလိုက်ပြီဖြစ်သည်။

အစိုး​ရ ဆန့်​ကျင်​ရေး​ လှုပ်ရှား​နေသည့်​ ပြည်သူများ​ကို ယီမင်အစိုး​ရက ရက်ရက်စက်စက် ဖိနှိပ်နှိမ်နင်း​နေချိန်တွင် အ​မေရိကန်က မရှိမဖြစ် အ​ရေး​ပါ​သော သံဝန်ထမ်း​များ​မှလွဲပြီး​ ကျန်သံအရာရှိ အား​လုံး​ကို ပြန်လည်​ခေါ်ယူလိုက်သည်။ ယီမင်တွင် အဓိကရုဏ်း​များ​ တ​ကျော့​ပြန် ပြင်း​ထန်လာရာ ယခုသီတင်း​ပတ်အတွင်း​ အနည်း​ဆုံး​ ၄၈ ဦး​မျှ ​သေဆုံး​ခဲ့​ပြီး​ဖြစ်သည်။

အ​မေရိကန် နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက အ​မေရိကန် နိုင်ငံသား​များ​ကိုလည်း​ ခရီး​သွား​ရာတွင် ယီမင်ကို ​ရှောင်ရှား​ရန် သတိ​ပေး​ထား​သည်။ ယီမင်သမ္မတ အလီအက်ဘဒူလာ ဆာလား​သည် ၎င်းအား​ ရာထူး​မှ နှုတ်ထွက်​ပေး​ရန် ​တောင်း​ဆိုမှုများ​ကို ငြင်း​ဆန်​နေပြီး​ မိမိအ​နေနှင့်​ အာဏာစွန့်​မည် မဟုတ်​ကြောင်း​ အတိအလင်း​ ​ပြောဆိုထား​သည်။

ယီမင်၏ အ​ခြေအ​နေသည် တစ်စထက်တစ်စ ဆိုး​ရွား​လာပြီး​ ကုလသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဘန်ကီမွန်း​က ​ပြောကြား​ခဲ့​သည်။ ​လေ့​လာသူများ​က ယီမင်အစိုး​ရနှင့်​ ဆန္ဒပြသူများ​ကြား​ တင်း​မာမှုကို အ​ကြောင်း​ပြုပြီး​ ပြည်တွင်း​စစ်တစ်ခု စတင်လာမည်ကို စိုး​ရိမ်​နေသည်။ ​

မေလ ၂၃ ရက်​နေ့​မှစပြီး​ ယီမင်တွင် သမ္မတကို သစ္စာ​စောင့်​သော တပ်များ​နှင့်​ ပြည်သူများ​ကြား​ အဓိကရုဏ်း​များ​ ထပ်မံ​ပေါ်​ပေါက်လာခဲ့​ပြီး​ ဆန္ဒပြသူများ​ကို စစ်တပ်က ပစ်ခတ်ခဲ့​ရာမှ အများ​အပြား​ ​သေ​ကြေခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here