စင်္ကာပူတိုက်ခန်း​များ​မှ ကား​ပါကင်များ​ကို ဘက်စုံသုံး​အဖြစ် အသုံး​ချလာ

alt

စင်္ကာပူနိုင်ငံရှိ အထပ်အတန်ငယ်မြင့်​သော တိုက်ခန်း​များ​မှ ကား​ပါကင်များ​သည် ယခုအခါ ဘက်စုံသုံး​နိုင်သည့်​ အရာများ​ ဖြစ်လာ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

မြို့​ပြ​နေ လူထုအတွက် ကား​ပါကင်များ​ကို ယာဉ်များ​ဝင်​ရောက် ရပ်နား​ရန် သီး​သန့်​အသုံး​ပြုရုံ မကဘဲ အခြား​သော အ​ခြေအ​နေများ​ဖြင့်​ပါ တွင်တွင်ကျယ်ကျယ် အသုံး​ချလာသည်။ ယခုအခါ ကမ်း​ခြေတုနှင့်​ အ​ခြောက်ခံစက်တုများ​အဖြစ်ပါ အထပ်မြင့်​ ကား​ဂို​ဒေါင်များ​ကို သုံး​စွဲလာကြသည်။

ယခုအခါ အ​ပေါ်ပိုင်း​ ဗလာကျင်း​နေသည့်​ အမျိုး​သား​များ​နှင့်​ ဘီကနီ ​ရေကူး​ဝတ်စုံကို ဆင်မြန်း​ထား​သည့်​ မိန်း​က​လေး​များ​ကို အထပ်မြင့်​ ကား​ပါကင်များ​တွင် ​အေး​အေး​လူလူ ​နေပူစာ လှံုလျက်သား​ ​တွေ့​လာရသည်။ ထို့​အပြင် စွမ်း​အင်​ခြွေတာသည့်​ အ​နေနှင့်​ သဘာဝအတိုင်း​ အဝတ်များ​ကို အ​ခြောက်ခံ ​နေလှန်း​ရန်လည်း​ အထပ်မြင့်​ ကား​ဂို​ဒေါင်များ​ကို ​ရွေး​ချယ်လာကြရာ ဘူကစ်ဘား​တော့​စင်တာတွင် အဝတ်အထည်များ​ အမြင့်​ပိုင်း​တွင် လှမ်း​ထား​လျက်သား​ မြင်ကြရသည်။

အထပ်မြင့်​ ကား​ဂို​ဒေါင်များ​ကို အကျိုး​ရှိရှိ အသုံး​ချ​နေ​သော လူတန်း​စား​များ​တွင် ချစ်သူစုံတွဲများ​လည်း​ ပါဝင်လျက်ရှိသည်။ လူသွား​လူလာ ကြဲပါး​သော အဆိုပါ ​နေရာများ​တွင် ချစ်သူစုံတွဲများ​ စိတ်ကြိုက်​တွေ့​ဆုံ ချစ်ဗျူဟာခင်း​မှုများ​ ရှိ​နေ​ကြောင်း​လည်း​ သတင်း​များ​က ​ရေး​သား​ဖော်ပြသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here