ဗြိတိန်တွင် ကျား​ဖြူ​အရုပ်​ကြောင့်​ ရဲတပ်ဖွဲ့​​အကြီး​အကျယ် အလုပ်ရှုပ်

alt

ဗြိတိန်ရဲတပ်ဖွဲ့​သည် အင်္ဂလန်ရှိ ဟမ့်​ရှိုင်း​ယား​တွင် ​တွေ့​ရှိရ​သော ကျား​ရုပ်တစ်ရုပ်အတွက် အကြီး​အကျယ် အလုပ်များ​ခဲ့​ကြောင်း​ သိရသည်။

သက်ရှိကျား​တစ်​ကောင်၏ အရွယ်အစား​အတိုင်း​ ရှိ​နေ​သော ကျား​ဖြူရုပ်တုကြီး​ တစ်ခုမှာ ဟက်အန်း​ခရစ်ကက် ကွင်း​အနီး​ မြက်ခင်း​များ​တွင် ဝပ်​နေသည်ကို ​တွေ့​ရှိပြီး​နောက် ရဲတပ်ဖွဲ့​သည် တိရစ္ဆာန် ဓ​လေ့​စရိုက် ကျွမ်း​ကျင်သူများ​ထံ အကူအညီ​တောင်း​ကာ ကျား​ကိုဖမ်း​ရန် ကြိုး​ပမ်း​ခဲ့​ရသည်။

ထို့​အပြင် ရဟတ်ယာဉ် တစ်စင်း​ဖြင့်​ပါ အနီး​ကပ် ချဉ်း​ကပ်မှုများ​ ပြုလုပ်ခဲ့​သည်။ မိနစ် ၂၀ ကြာမြင့်​ချိန်တွင်မူ ၎င်းတို့​ သည်း​ကြီး​မည်း​ကြီး​ ဖမ်း​ရန်ကြိုး​စား​နေသည်မှာ သက်ရှိကျား​တစ်​ကောင် မဟုတ်မှန်း​ သိလာ​သော​ကြောင့်​ ရဲများ​အတွက် ငိုအား​ထက် ရယ်အား​သန်စရာ ဖြစ်လာရသည်။ ရဲတပ်ဖွဲ့​သည် ယခုအခါ ကျား​ရုပ်ကြီး​ကို သိမ်း​ဆည်း​ထား​လိုက်ပြီဖြစ်ပြီး​ ပိုင်ရှင်ဖြစ်သူကို ရှာ​ဖွေလျက်ရှိသည်။

ရဲများ​က ကျား​ရုပ်ကို တစ်ဦး​ဦး​က ခိုး​ယူလာခဲ့​ခြင်း​ ဖြစ်နိုင်ပြီး​ ပစ္စည်း​ပျောက်မှု တစ်ခုခုနှင့်​ ဆက်စပ်​နေမည်ဟု ယူဆရ​ကြောင်း​ဆိုသည်။ သို့​သော်လည်း​ ​မေလ ၂၁ ရက်​နေ့​ ​နေ့​လယ်ပိုင်း​က လူအများ​ ​ကြောက်လန့်​တကြား​ဖြစ်​စေခဲ့​သော လုပ်ရပ်သည် တမင်တကာ ​ခြောက်လှန့်​ရန် ဖန်တီး​ခဲ့​မှု ဟုတ်မဟုတ်ကိုမူ ရဲများ​က ဆက်လက်စုံစမ်း​သွား​မည်ဟု ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here