ထိုင်ဝမ်တွင် Online မှတဆင့်​ လိင်ကုန်သွယ်မှု​လုပ်ကိုင်သည့်​အဖွဲ့​ ဖမ်း​ဆီး​ရမိ

alt

ထိုင်ဝမ်တွင် Onlineမှတဆင့်​ လိင်ကုန်သွယ်မှုများ​ လုပ်ကိုင်​နေ​သော အဝန်း​အဝိုင်း​ကို ရဲကဖမ်း​ဆီး​ခဲ့​ရာ အသက် ၁၅ နှစ်အရွယ် ဆယ်​ကျော်သက် လူငယ်နှစ်ဦး​ ပါဝင်​နေ​ကြောင်း​ သိရသည်။

၎င်းတို့​သည် အသက်မပြည့်​သေး​သော မိန်း​က​လေး​များ​ကို အသုံး​ချကာ ပြည့်​တန်ဆာလုပ်ငန်း​အတွက် မြူဆွယ်စည်း​ရုံး​သော လုပ်ငန်း​ကို ​ဆောင်ရွက်​နေသဖြင့်​ အဖမ်း​ခံရသူ ၈ ဦး​အနက် ပါဝင်​နေသည်။ ​ကျောင်း​သား​များ​သာ ဖြစ်​နေ​သေး​သော အဆိုပါ လူငယ်များ​သည် မိန်း​က​လေး​ ၁၂ ဦး​နှင့်​အတူ အဖမ်း​ခံရခြင်း​ဖြစ်သည်။ မိန်း​က​လေး​များ​မှာ အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား​ အရွယ်များ​သာ ရှိသေး​သည်။

မိန်း​က​လေး​များ​အနက် ၅ ဦး​သည် ​ကျောင်း​သူ​လေး​များ​ဖြစ်ပြီး​ ကျန်သူများ​မှာ ​ကျောင်း​မှထွက်လာခဲ့​ပြီး​ဖြစ်သည်။ အဆိုပါ အစုအဖွဲ့​သည် မိန်း​က​လေး​များ​အား​ ပြည့်​တန်ဆာအဖြစ် လုပ်ကိုင်​စေပြီး​ လစဉ် ထိုင်ဝမ်သုံး​ငွေ သုံး​သန်း​မျှ ရှာ​ဖွေခဲ့​သည်။ ယင်း​အဖွဲ့​သည် ယခုနှစ် အ​စောပိုင်း​ကမှ စတင်ဖွဲ့​စည်း​ခဲ့​ခြင်း​ဖြစ်သည်။ မိန်း​က​လေး​များ​သည် ​ဖောက်သည်တစ်ဦး​စီထံမှ တစ်နာရီစာအတွက် ထိုင်ဝမ်​ငွေ ၁၈၀၀ နှင့်​ ၂၈၀၀ ကြား​ ယူ​လေ့​ရှိသည်။ ထို​ငွေမှ ၃၅၀ နှင့်​ ၁၀၀၀ ကြား​ကို ​ဖောက်သည်ရှာ​ပေး​သော အမျိုး​သား​များ​ထံ ပြန်​ပေး​ရသည်။

တစ်နာရီထက်ပိုပြီး​ အသုံး​တော်ခံ၍ ရရှိ​သော ​ငွေကိုမူ မိန်း​က​လေး​များ​က ခံစား​ခွင့်​ရှိမည်ဖြစ်သည်။ စပဲရိုး​ဟု အမည်ဝှက် သတ်မှတ်ထား​သော လူငယ်က အဖမ်း​ခံရစဉ်တွင် ရဲများ​အား​ မိမိတို့​သည် မခိုး​မဝှက်၊​ ဓား​ပြမတိုက်ဘဲ ​ငွေ​ကြေး​အခက်အခဲကို တတ်နိုင်သည့်​ နည်း​လမ်း​ဖြင့်​ ​ဖြေရှင်း​နေခြင်း​ဖြစ်​ကြောင်း​၊​ မိမိတို့​တွင် အပြစ်မရှိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။

ရဲများ​က အဆိုပါ အဖွဲ့​မှ ​ယောက်ျား​လေး​တစ်ဦး​ ပိုက်ဆံအ​မြောက်အမြား​ ကိုင်​ဆောင်သုံး​စွဲ​နေသည်ကို ဖခင်ဖြစ်သူက သတိပြုမိ၍ မသင်္ကာရာမှ ယခုပြည့်​တန်ဆာ ကွန်ရက်ကို ​ဖော်ထုတ်နိုင်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here