ဗြိတိန်နိုင်ငံမှ အသက်အငယ်ဆုံး​ iPhone ဂိမ်း​ တီထွင်သူ

alt

အသက် ၁၃ နှစ်အရွယ် ​ကျောင်း​သား​လေး​ တစ်ဦး​သည် ဗြိတိန်၏ အသက်အငယ်ဆုံး​ iPhone ဂိမ်း​App တီထွင်သူ ဖြစ်လာ​ကြောင်း​ သိရသည်။

Appleထုတ် iPhoneတွင်​ဆော့​ကစား နိုင်မည့်​ ဗီဒီယိုဂိမ်း​ Appတစ်ခုကို ​အေရွန်ဘွန်း​ကတီထွင်လိုက်သည်။ Spud Runဆို​သော ဂိမ်း​ကို ၎င်းက သူငယ်ချင်း​တစ်ဦး​ အကူအညီဖြင့်​ တီထွင်ခဲ့​ခြင်း​ဖြစ်သည်။ iPhoneတွင် Appများ​ မည်သို့​ဖန်တီး​ ရေး​ဆွဲရသည်ကို သူငယ်ချင်း​ဖြစ်သူ ဆီဘက်စတီယန် မက်​နေး​ထံမှ ယမန်နှစ်အတွင်း​ ​လေ့​လာခဲ့​ပြီး​နောက် ယခုဂိမ်း​ကို ​အေရွန်က ​ရေး​ဆွဲခဲ့​ခြင်း​ဖြစ်သည်။

Spud Runကို လာမည့်​သီတင်း​ပတ်မှစပြီး​ ၅၉ ပဲနိဖြင့်​ ​ရောင်း​ချသွား​မည်ဖြစ်သည်။ ဝင်္ကာပါ တစ်ခုအတွင်း​ သတ်မှတ်ထား​သော အချိန်တို​လေး​တွင် အာလူး​များ​ကို ဝေး​နိုင်သမျှ ​ဝေး​သွား​အောင် ပို့​ဆောင်​ပေး​ရမည့်​ ဂိမ်း​လေး​ကို မ​ရေး​ဆွဲမီ ဆီဘက်စတီယန်နှင့်​ ​အေရွန်တို့​သည် လိုအပ်​သော အသုံး​အ​ဆောင်များ​ ဝယ်ယူရန် ပေါင်စတာလင် ၁၄၀၀ မျှကို စု​ဆောင်း​ခဲ့​ရ​သေး​သည်။ အသက် ၁၆ နှစ်ရှိ ဆီဘက်စတီယန်က ဂိမ်း​၏ စိတ်ကူး​စိတ်သန်း​ပိုင်း​နှင့်​ ဖန်တီး​မှုပိုင်း​ကို တာဝန်ယူပြီး​ ​အေရွန်ကမူ နည်း​ပညာပိုင်း​ကို စီစဉ်ဖန်တီး​ခဲ့​သည်။

ယင်း​တို့​သည် သူငယ်ချင်း​များ​၏ ကွန်ပျူတာများ​ကိုပါ အသုံး​ပြုပြီး​ ဂိမ်း​ကို ရေး​ဆွဲခဲ့​ကြခြင်း​ဖြစ်သည်။ ယမန်နှစ်ကလည်း​ အ​မေရိကန်မှ အသက် ၁၄ နှစ်အရွယ် ​ရောဘတ်​နေး​၏ ရူပ​ဗေဒ အ​ခြေခံ ဉာဏ်စမ်း​ဂိမ်း​လေး​သည် Downloadရယူ ​ဆော့​ကစား​သူ ၂ သန်း​ကျော်ခဲ့​ပြီး​ နာမည်​ကျော် Angry Birdsထက် လူကြိုက်များ​သည့်​ ဂိမ်း​လေး​အဖြစ် ရပ်တည်​အောင်မြင်ခဲ့​ဖူး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here