သုက်လွှတ်​စောမှု ကုသသည့်​ ကမ္ဘာ့​ပထမဆုံး​ဆေး​

alt

Priligyသည် သုက်လွှတ်​စောမှုကို ကုစား​ပေး​ရန် ထုတ်လုပ်လိုက်သည့်​ ကမ္ဘာ့​ပထမဆုံး​ ​ဆေး​ဝါး​ဖြစ်လာသည်။

စင်္ကာပူတွင် စတင်ဖြန့်​ဝေပြီး​နောက် တစ်လအကြာတွင် ကမ္ဘာ့​နိုင်ငံ အသီး​သီး​သို့​ အဆိုပါ ​ဆေး​ဝါး​ကို စတင်တင်ပို့​ရောင်း​ချ​နေပြီဖြစ်သည်။ အ​မေရိကန် အ​ခြေစိုက် Janssenမှ ထုတ်​ဝေ​သော အဆိုပါ ဆေး​ဝါး​သည် ဝယ်လိုအား​မြင့်​မား​ပြီး​ ​ဈေး​ကွက်အတွင်း​ မျက်နှာပန်း​လှသည့်​ ​ဆေး​တစ်ခု ဖြစ်လာသည်။ Janssenသည် Johnson & Johnson၏ ကုမ္ပဏီခွဲတစ်ခုလည်း​ဖြစ်သည်။

ကုမ္ပဏီက Priligy​ဆေး​ပြား​ မည်သည့်​အ​ရေအတွက်ထိ ​ရောင်း​ချထား​ကြောင်း​ကိုမူ အတိအလင်း​ ထုတ်​ဖော်​ပြောဆိုရန် ငြင်း​ဆိုထား​သည်။ ယင်း​ဆေး​တစ်ပြား​ကို လိင်မဆက်ဆံမီ တစ်နာရီမှ သုံး​နာရီအတွင်း​ ​သောက်ထား​ခြင်း​ဖြင့်​ လိင်တံ​ထောင်မတ်မှုကို ရှိရင်း​စွဲထက် အချိန် ၃ ဆမျှပိုကြာ​နေ​စေမည်ဟု သိရသည်။

သို့​သော် တစ်​နေ့​လျင် ​ဆေး​တစ်ပြား​ထက် ပိုမသုံး​ရန်လည်း​ ကုမ္ပဏီက ညွှန်ကြား​ထား​သည်။ ​ဆေး​သုံး​လုံး​ပါ အဆိုပါ​ဆေး​တစ်ထုပ်ကို စင်္ကာပူ​ဒေါ်လာ ၈၀ မှ ၉၀ ကြား​ဖြင့်​ ​ရောင်း​ချ​နေရာ ဆေး​တစ်လုံး​လျင် စင်္ကာပူ ​ဒေါ်လာ ၃၀ ဝန်း​ကျင်မျှ ကျသင့်​သည့်​ သ​ဘောဖြစ်သည်။

သုက်လွှတ်​စောခြင်း​သည် ကာမဆက်ဆံမှုတွင် အမျိုး​သား​များ​ ကြံုရ​လေ့​ရှိသည့်​ အခက်အခဲတစ်မျိုး​ဖြစ်ပြီး​ ပြီး​ခဲ့​သည့်​ ​အောက်တိုဘာလက စင်္ကာပူ အမျိုး​သား​ ၂၄၀ ကို ​ကောက်ခံခဲ့​သော စစ်တမ်း​အရ အမျိုး​သား​ ၃ ဦး​လျင် ၁ ဦး​သည် ထိုကိစ္စ​ကြောင့်​ စိတ်ပျက်စရာများ​ ဖြစ်ရ​လေ့​ရှိ​ကြောင်း​ သိရှိခဲ့​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here