ကမ္ဘာ​ပေါ်ရှိ အရက်​သေစာ ​သောက်စား​မှုနှုန်း​​အမြင့်​ဆုံး​တွင် မ​လေး​ရှား​နိုင်ငံ ပါဝင်လာ

alt

ကမ္ဘာ့​ကျန်း​မာ​ရေး​အဖွဲ့​ (WHO)၏ ကမ္ဘာ​ပေါ်တွင် အရက်​သေစာ ​သောက်စား​မှုနှုန်း​ အမြင့်​ဆုံး​ ထိပ်ဆုံး​ ၁၀ နိုင်ငံ စာရင်း​တွင် မ​လေး​ရှား​လည်း​ ပါဝင်လာပြီဖြစ်သည်။ ​

သေး​ငယ်​သော နိုင်ငံနယ်နိမိတ်နှင့်​ အလွန်မများ​ပြား​လှသည့်​ လူဦး​ရေ ရှိသည့်​တိုင် မ​လေး​ရှား​၏ အရက်​သောက်မှု ပမာဏ​ကြောင့်​ WHO၏ အရက်အများ​ဆုံး​ ​သောက်သုံး​သော နိုင်ငံများ​စာရင်း​တွင် အဆင့်​ ၁၀ ချိတ်ခဲ့​သည်။

စစ်တမ်း​များ​အရ မ​လေး​ရှား​သည် နှစ်စဉ် အရက်ဝယ်ယူရန် ​ဒေါ်လာ သန်း​ ၅၀၀ စီ အသုံး​ချလျက်ရှိသလို နိုင်ငံသား​ တစ်ဦး​စီ၏ ပျမ်း​မျှ အရက်​သောက်နှုန်း​သည် တစ်နှစ်လျင် ရ လီတာ ရှိ​နေ​ကြောင်း​ သိရသည်။ ဘီယာ​သောက်နှုန်း​မှာ ပျမ်း​မျှ တစ်ဦး​လျင် ၁၁ လီတာထိ ရှိ​နေသည်ဟုဆိုသည်။

အမျိုး​သမီး​၊​ မိသား​စုနှင့်​ လူ့​အဖွဲ့​အစည်း​ ဖွံ့​ဖြိုး​ရေး​ဌာန ဒုတိယဝန်ကြီး​ ဟန်ဆိုင်ကီက အရက်သည် ကျန်း​မာ​ရေး​သာမက လူမှု​ရေး​ကိုလည်း​ ထိခိုက်မှု ရှိ​စေ​ကြောင်း​၊​ ထို့​အပြင် နိုင်ငံအတွင်း​ မ​တော်တဆမှုများ​ ပိုမိုတိုး​ပွား​လာခြင်း​သည် အရက်နှင့်​ ဆက်စပ်​နေ​ကြောင်း​ ​ထောက်ပြခဲ့​သည်။

သူမက မ​လေး​ရှား​ ပြည်သူများ​အ​နေနှင့်​ နိုင်ငံ၏ ဘာသာ​ရေး​၊​ ယဉ်​ကျေး​မှုနှင့်​ ဆန့်​ကျင်ပြီး​ အန္တရာယ်ဖြစ်​စေ​သော အရက်​သောက်မှုကို ​ရှောင်ကြဉ်ရန် တိုက်တွန်း​ခဲ့​သည်။ ​လေ့​လာမှုများ​အရ မ​လေး​ရှား​တွင် ယာဉ်တိုက်မှု စုစု​ပေါင်း​၏ ၃၀ ရာခိုင်နှုန်း​သည် အရက်မူး​နေခြင်း​ကြောင့်​ဖြစ်ပြီး​ ယင်း​တို့​အနက် ၃၈ ရာခိုင်နှုန်း​မှာ လူအ​သေအ​ပျောက် ရှိခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here