ဘင်လာဒင် စီး​နင်း​တိုက်ခိုက်​ရေး​ အထူး​တပ်ဖွဲ့​ ရုပ်သံတင်ဆက်နိုင်ရန် ကြိုး​ပမ်း​မှုအား​ Walt Disney လက်​လျှော့​လိုက်ရ

alt

အိုစမာ ဘင်လာဒင်အား​ ဝင်​ရောက်စီး​နင်း​ သုတ်သင်ခဲ့​သည့်​ အ​မေရိကန် ​ရေတပ်အထူး​တပ်ဖွဲ့​ကို ရုပ်မြင်သံကြား​ အစီအစဉ်တစ်ခု တင်ဆက်ရန် မူပိုင်ခွင့်​ ရယူ​ရေး​ ကြိုး​ပမ်း​မှုအား​ Walt Disneyအ​နေနှင့်​ လက်​လျှော့​လိုက်ရပြီဖြစ်သည်။

ကမ္ဘာ​ကျော် ​ဖျော်​ဖြေ​ရေး​ ကုမ္ပဏီကြီး​က ယင်း​ကိစ္စကို ချဉ်း​ကပ်စုံစမ်း​ခဲ့​သော်လည်း​ အ​မေရိကန် ​ရေတပ်က ​မေလဆန်း​တွင် ပါကစ္စတန်သို့​ သွား​ရောက်၍ စစ်ဆင်​ရေး​ဆင်နွှဲခဲ့​သည့်​ Seal Team 6မှ တပ်ဖွဲ့​ဝင်များ​၏ အမည်များ​ကို ထုတ်​ဖော်​ပြောဆိုရန် ပြတ်ပြတ်သား​သား​ ငြင်း​ဆန်လိုက်သည်။ မူလက Walt Disneyသည် အ​ဘော့​တာဘက်တွင် ဆင်နွှဲခဲ့​သော စစ်ဆင်​ရေး​အတွက် Navy Sealsနှင့်​ Seal Teamဆို​သော အမည်နှစ်ခုကို မီဒီယာကဏ္ဍတွင် မှတ်ပုံတင်ရန် ကြိုး​ပမ်း​ခဲ့​သေး​သည်။ ​

ရေတပ်က ယင်း​ကို အပြင်း​အထန် ကန့်​ကွက်ခဲ့​ပြီး​နောက် Walt Disneyက ​လျှောက်လွှာကို ရုတ်သိမ်း​ပေး​ခဲ့​သည်။ အ​မေရိကန် ​ရေတပ်သည် အ​ဘော့​တာဘက် စစ်ဆင်​ရေး​အတွင်း​ ကိုယ်တိုင်ပါဝင်ခဲ့​သည့်​ ကွန်မန်ဒိုများ​၏ အမည်ကို အစဉ်တစိုက် လျှို့​ဝှက်​ပေး​ထား​ပြီး​ ယင်း​တို့​၏ လုံခြံု​ရေး​ကိုပါ မြှင့်​တင်​ပေး​ထား​သည်။ Disneyက ​လျှောက်လွှာပြန်လည် ရုတ်သိမ်း​ခဲ့​ခြင်း​အ​ပေါ် စစ်ဖက်က တစ်စုံတစ်ရာ မှတ်ချက်မ​ပေး​သေး​ချေ။

Walt Disney ယခုကိစ္စသည် သမိုင်း​တွင်မည့်​ စစ်ဆင်​ရေး​တစ်ခုအဖြစ် မှတ်ယူနိုင်သဖြင့်​ ဒုတိယ ကမ္ဘာစစ်တွင် နာမည်​ကျော်ခဲ့​သော ​နော်မန်ဒီ စစ်ဆင်​ရေး​ကဲ့​သို့​ အမည်မှတ်ပုံတင်နိုင်ရန် ကြိုး​ပမ်း​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ကြေညာသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here